Connect with us

Hi, what are you looking for?

News

ဘင်းစ်တက်အဖွဲ့ရဲ့ ထိပ်သီးညီလာခံတက်ဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ခေါ်ထား

ဘင်းစ်တက်ထိပ်သီးအစည်းအဝေးကို မတ်လ ၂၈ ရက်ကနေ မတ်လ ၃၀ ရက်အထိ သီရိလင်္ကာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာပါ။

ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံတွေစုဖွဲ့ထားတဲ့ ဘင်းစ်တက်အဖွဲ့ရဲ့ ထိပ်သီးညီလာခံကို တက်ရောက်ဖို့စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ကြားထားတယ်လို့အိန္ဒိယသတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။

ဘင်းစ်တက်ထိပ်သီးအစည်းအဝေးကို မတ်လ ၂၈ ရက်ကနေ မတ်လ ၃၀ ရက်အထိ သီရိလင်္ကာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာပါ။

အဲဒီအစည်းအဝေးကို အိန္ဒိယ ၊ဘင်္ဂလားဒေ့ရှ် ၊နီပေါနဲ့ ထိုင်းနိုင်ငံ က ခေါင်းဆောင်တွေ ဟာ အွန်လိုင်းကနေ တက်ရောက်ကြမှာဖြစ်ပြီး အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး မိန့်ခွန်းပြောမယ်လို့ သီရိလင်္ကာအစိုးရ အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Indian Express က ဖော်ပြပါတယ်။

မြန်မာ ကိုပြစ်ပယ်ထားမယ့်အစား ထိတွေ့ဆက်ဆံတာက ပိုမိုကောင်းမွန်တယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သီရိလင်္ကာနိုင်ငံခြားရေးအတွင်းဝန်က Jayanath Colombage ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘင်းစ်တက်အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လ အတွင်းက ဘင်းစ်တက်နေ့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေစကား ကိုထုတ်ပြန်ရာမှာ စစ်အုပ်စုခေါင်းဆောင်ကိုလည်းထည့်သွင်းခဲ့သလို “လေးစားအပ်ပါသော မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ”၊ “နိုင်ငံတော်ဝန်ကြီး ချုပ်” လို့ ဖော်ပြခဲ့ဖူးပါတယ်။

ဒီလုပ်ရပ်ဟာ ရှက်ဖွယ်ကောင်းတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားတာရှိပါတယ်။

ဒါကြောင့် ဘင်းစ်တက်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုပေးနေတာတွေ ချက်ချင်းရပ်တန့်ဖို Justice For Myanmar က တောင်းဆိုခဲ့ဖူးပါတယ်။

ဘင်းစ်တက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိ လင်္ကာနိုင်ငံတို့ ပါဝင်တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook