Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါးတွင် စစ်​ကောင်စီရဟတ်ယာဥ်ပျက်ကျ စစ်သားနှစ်ဦးနှင့်ပညာ​ရေးဝန်ထမ်းသုံးဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၂၆၆ စခန်းရှိရာ ထင်းရှုးတောထဲတွင် ယနေ့( မတ် ၂၉ ရက်) မနက် ၉နာရီခွဲ့က ပျက်ကျခဲ့​ကြောင်း ချင်းပြည်နယ်အခြေစိုက် The Chin Journal ကလည်း​ဖော်ပြသည်။

(ရဟတ်ယာဥ်ပျက်ကျပြီး မီးခိုးလုံးထွက်လာစဥ် ဓါတ်ပုံ- The Chin Journal)

ချင်းပြည်နယ်၊ဟားခါးမြို့ ရုန်းတောင်ကြားတွင်အာဏာသိမ်းစစ်​ကောင်စီ၏ ရဟတ်ယာဥ်တစ်စီး ယ​နေ့နံနက်ကပျက်ကျသဖြင့် စစ်​ကောင်စီတပ်သား ၂ ဦးနှင့် ပညာ​ရေးဝန်ထမ်း သုံးဦးဒဏ်ရာရရှိခဲ့​ကြောင်း ဟားခါးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက​ပြောသည်။

“တက္ကသိုလ်စာမေးပွဲမေးခွန်းလာပို့တဲ့ စစ်တပ်ပိုင်ရဟတ်ယာဉ် ပျက်ကျတာပါ၊ စစ်သားနှစ်ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ဦး ဒဏ်ရာရတယ်လို့ သိထားရတယ်”ဟု ဟားခါးမြို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

ရုန်း​တောင်ကြားတွင်ထင်းရှုးပင်များကိုဝင်တိုက်မိ၍ ရဟတ်ယာဥ်ပျက်ကျသည်ဟု​ဒေသခံအချို့ က ပြောဆိုနေကြသော်လည်း မည်သည့်ကြောင့်ပျက်ကျသည့်ကို မသိရသေးပေ။

ဟားခါးမြို့ခံတစ်ဦးကလည်း“အဲဘက်ကို စစ်သားတွေသွားပြီး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို ပြန်သယ်ဖို့လုပ်နေတယ်”ဟုပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၂၆၆ စခန်းရှိရာ ထင်းရှုးတောထဲတွင် ယနေ့( မတ် ၂၉ ရက်) မနက် ၉နာရီခွဲ့က ပျက်ကျခဲ့​ကြောင်း ချင်းပြည်နယ်အခြေစိုက် The Chin Journal ကလည်း​ဖော်ပြသည်။

“မီးခိုးလုံးတွေ တွေ့လိုက်ရတယ်။ စစ်တပ်ရဟတ်ယာဉ်ပျက်ကျတယ်လို့သိရတယ်”ဟု The Chin Journal ကဒေသခံတစ်ဦးအားကိုးကား၍​ဖော်ပြထားသည်။

ရ​ဟတ်ယာဥ်ပျက်ကျမှု ရာသီဥတု​ကြောင့်ဖြစ်​ပြီး ​ရဟတ်ယာဥ်အမြီးပိုင်းကျိုးခဲ့ခြင်းဖြစ်ကာ လက်နက်ဖြင့်ပစ်ခတ်ခံရခြင်းမဟုတ်​ကြောင်း စစ်​ကောင်စီ၏ ဒုဝန်ကြီးဗိုလ်ချုပ်​ဇော်မင်းထွန်းကစစ်​ကောင်စီနှင့် နီးစပ်​သော မီဒီယာအချို့​သော​ပြောကြားထားသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။