Connect with us

Hi, what are you looking for?

LuduNwayOo

News

ရထားမိုင်းဆွဲခံရမှု မီဒီယာကောင်စီက ရှုတ်ချကြောင်းကြေညာသည့်အပေါ် သတင်းသမားများ ဝေဖန်

စစ်ကောင်စီလက်ထက် သတင်းသမားစစ်စစ်များဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သည့် မြန် မာနိုင်ငံ သတင်းမီဒီယာကောင်စီအမည်ခံအဖွဲ့အစည်း၏ ယခုလုပ်ရပ်မှာ မထူးဆန်းကြောင်း လည်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီထောက်ခံသော အနုပညာရှင်အချို့လိုက်ပါသည့် ရထားမိုင်းဆွဲ တိုက်ခိုက်ခံရ သည်ကို ရှုတ်ချကြောင်း သတင်းမီဒီယာကောင်စီက စာထုတ်သည့်အပေါ် သတင်းသမားများက ဝေဖန်လိုက်သည်။

စစ်ကောင်စီလက်ထက် သတင်းသမားစစ်စစ်များဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သည့် မြန် မာနိုင်ငံ သတင်းမီဒီယာကောင်စီအမည်ခံအဖွဲ့အစည်း၏ ယခုလုပ်ရပ်မှာ မထူးဆန်းကြောင်း လည်း ၎င်းတို့က ပြောသည်။

“သတင်းမီဒီယာသမားစစ်စစ်တွေနဲ့ ဖွဲ့ထားတဲ့ ကောင်စီမှ မဟုတ်တာ။ ဒီလိုကြေညာချက် ထွက်လာတာ မဆန်းပါဘူး။ သတင်းသမားကိစ္စအတွက် ဘာအသံမှ မထွက်တဲ့ စကစဖွဲ့ကောင်စီဆိုတော့ သူတို့ခိုင်းတဲ့စာ အတည်ပြု လိုက်ရတဲ့ ပုံစံပါဘဲ။ မဆန်းပါဘူး”ဟု အကြီးတန်း သတင်းထောက်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် အာဏာရှင်လက်ထက်များတွင် တွေ့နေကြပုံစံ တစ်ခုဖြစ်ပြီး အာဏာရှင်အောက်စွဲများ လုပ်လေ့လုပ်ထရှိသည့် ကလင်ဒါကျပုံစံဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသော သတင်းသမားတစ်ဦးကလည်း ” ပုံစံက သတင်းသမားတွေပါ ကန့်ကွက်တယ်ပုံစံမျိုးလုပ်တာ။ စစ်ကောင်စီလက်အောက် ကောင်စီမှာ သတင်းသမားစစ်စစ် ဘယ်သူမှမပါဘူး။ ဒီကြေညာချက်က မြေပြင်အခြေအနေကို တကယ် သတင်းရေးသား ဖော်ပြနေကြတဲ့ သတင်းသမားစစ်စစ်တွေရဲ့ ကြေညာချက် မဟုတ်ဘူး”ဟု ပြောသည်။

အထက်ပါ ရထားတွဲမိုင်းဆွဲခံရသည်ကို သတင်းမီဒီယာကောင်စီက စာထုတ်ရာတွင် အကြမ်း ဖက်သမားများ၏ လုပ်ရပ်သည် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ထာဝရငြိမ်း ချမ်းနှင့် ဒီမိုကရေစီစနစ်ကို အထောက် အကူမပြုသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့(မတ် ၂၉)ရက် ညနေပိုင်းက စစ်ကောက်စီ၏စီစဥ်မှုဖြင့် ၎င်းတို့အားထောက်ခံသော အနုပညာရှင်အချို့လိုက်ပါလာသောရထားသည် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ သွားပြီးအပြန်လမ်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အထက်ပါဖြစ်စဥ်အပေါ် သတင်းမီဒီယာကောင်စီသာမက မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ ဟာသပညာရှင်များအစည်းအရုံးတို့ကလည်း ကန့်ကွက်ရှုတ်ချ ကြောင်း စစ်ကောင်စီ စေခိုင်းချက်အရ သဘောထား ထုတ်ပြန်ခဲ့သည်။အဆိုပါ​ကောင်စီ များသည် ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီ ၁၂ ရက်​(ပြည်​​ထောင်စုနေ့)ကလည်းအကြမ်းဖက်စစ်​ကောင်စီအလိုကျ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲတက်​ရောက်ရန် ဆိုကာ​နေပြည်​တော်သို့လာရန် ဖိတ်​​ခေါ်ခဲ့​သေးသည်။သို့​သော် ထို​ဆွေး​နွေးပွဲမှ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တာဝန်ရှိသူများ
မတက်​ရောက်သဖြင့် စစ်​ကောင်စီ စီစဥ်သလိုမဖြစ်ခဲ့​ပေ။

ထုတ်ပြန်ကြေညာချက်များတွင် ထိုသို့ ပြုလုပ်သူများအား အကြမ်းဖက် သမားများက မိုင်းထောင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သုံးနှုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​တော်လှန်​ရေးလုပ်ငန်းများအတွက် TNLA ထံသို့သတင်းပို့ရန် သွားစဥ် မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် KIO မှ အရပ်ဘက် စစ်ဘက် ဝန်ထမ်း ၂ ဦးကျဆုံးခဲ့​ကြောင်း KIO/KIA ​၏ ရုံးစာတစ်​စောင့်တွင်လည်း အတည်ပြု​ဖော်ပြထားသည်ကို​တွေ့ရသည်။

နိုင်ငံတကာ

အန်ဒ်ဟရာ ပရာဒက်ရှ်ပြည်နယ် အစိုးရက အခင်းဖြစ်ရာ နေရာကို ကယ်ဆယ်ရေးနဲ့ အကူအညီ အဖွဲ့အစည်းတွေ အမြန်ဆုံး သွားရောက်ဖို့ ညွှန်ကြားထားပြီး ထိခိုက်နစ်နာခဲ့သူတွေနဲ့ သက်ဆိုင်ရာ မိသားစုတွေကို အစွမ်းကုန် ထောက်ပံ့မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

မိုးရွာသွန်းမှုတွေကြောင့် တောထဲကနေ ရေတွေလျှံကျပြီး ရထားလမ်းပေါ် ဖြတ်သန်း စီးဆင်းရာကနေ အခုလို မတော်တဆမှု ဖြစ်ခဲ့တာလို့ ကနဦး စုံစမ်းမှုတွေအရ သိရပါတယ်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။