Connect with us

Hi, what are you looking for?

News

ရထားမိုင်းဆွဲခံရမှု မီဒီယာကောင်စီက ရှုတ်ချကြောင်းကြေညာသည့်အပေါ် သတင်းသမားများ ဝေဖန်

စစ်ကောင်စီလက်ထက် သတင်းသမားစစ်စစ်များဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သည့် မြန် မာနိုင်ငံ သတင်းမီဒီယာကောင်စီအမည်ခံအဖွဲ့အစည်း၏ ယခုလုပ်ရပ်မှာ မထူးဆန်းကြောင်း လည်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီထောက်ခံသော အနုပညာရှင်အချို့လိုက်ပါသည့် ရထားမိုင်းဆွဲ တိုက်ခိုက်ခံရ သည်ကို ရှုတ်ချကြောင်း သတင်းမီဒီယာကောင်စီက စာထုတ်သည့်အပေါ် သတင်းသမားများက ဝေဖန်လိုက်သည်။

စစ်ကောင်စီလက်ထက် သတင်းသမားစစ်စစ်များဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သည့် မြန် မာနိုင်ငံ သတင်းမီဒီယာကောင်စီအမည်ခံအဖွဲ့အစည်း၏ ယခုလုပ်ရပ်မှာ မထူးဆန်းကြောင်း လည်း ၎င်းတို့က ပြောသည်။

“သတင်းမီဒီယာသမားစစ်စစ်တွေနဲ့ ဖွဲ့ထားတဲ့ ကောင်စီမှ မဟုတ်တာ။ ဒီလိုကြေညာချက် ထွက်လာတာ မဆန်းပါဘူး။ သတင်းသမားကိစ္စအတွက် ဘာအသံမှ မထွက်တဲ့ စကစဖွဲ့ကောင်စီဆိုတော့ သူတို့ခိုင်းတဲ့စာ အတည်ပြု လိုက်ရတဲ့ ပုံစံပါဘဲ။ မဆန်းပါဘူး”ဟု အကြီးတန်း သတင်းထောက်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် အာဏာရှင်လက်ထက်များတွင် တွေ့နေကြပုံစံ တစ်ခုဖြစ်ပြီး အာဏာရှင်အောက်စွဲများ လုပ်လေ့လုပ်ထရှိသည့် ကလင်ဒါကျပုံစံဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသော သတင်းသမားတစ်ဦးကလည်း ” ပုံစံက သတင်းသမားတွေပါ ကန့်ကွက်တယ်ပုံစံမျိုးလုပ်တာ။ စစ်ကောင်စီလက်အောက် ကောင်စီမှာ သတင်းသမားစစ်စစ် ဘယ်သူမှမပါဘူး။ ဒီကြေညာချက်က မြေပြင်အခြေအနေကို တကယ် သတင်းရေးသား ဖော်ပြနေကြတဲ့ သတင်းသမားစစ်စစ်တွေရဲ့ ကြေညာချက် မဟုတ်ဘူး”ဟု ပြောသည်။

အထက်ပါ ရထားတွဲမိုင်းဆွဲခံရသည်ကို သတင်းမီဒီယာကောင်စီက စာထုတ်ရာတွင် အကြမ်း ဖက်သမားများ၏ လုပ်ရပ်သည် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ထာဝရငြိမ်း ချမ်းနှင့် ဒီမိုကရေစီစနစ်ကို အထောက် အကူမပြုသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့(မတ် ၂၉)ရက် ညနေပိုင်းက စစ်ကောက်စီ၏စီစဥ်မှုဖြင့် ၎င်းတို့အားထောက်ခံသော အနုပညာရှင်အချို့လိုက်ပါလာသောရထားသည် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ သွားပြီးအပြန်လမ်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အထက်ပါဖြစ်စဥ်အပေါ် သတင်းမီဒီယာကောင်စီသာမက မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ ဟာသပညာရှင်များအစည်းအရုံးတို့ကလည်း ကန့်ကွက်ရှုတ်ချ ကြောင်း စစ်ကောင်စီ စေခိုင်းချက်အရ သဘောထား ထုတ်ပြန်ခဲ့သည်။အဆိုပါ​ကောင်စီ များသည် ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီ ၁၂ ရက်​(ပြည်​​ထောင်စုနေ့)ကလည်းအကြမ်းဖက်စစ်​ကောင်စီအလိုကျ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲတက်​ရောက်ရန် ဆိုကာ​နေပြည်​တော်သို့လာရန် ဖိတ်​​ခေါ်ခဲ့​သေးသည်။သို့​သော် ထို​ဆွေး​နွေးပွဲမှ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တာဝန်ရှိသူများ
မတက်​ရောက်သဖြင့် စစ်​ကောင်စီ စီစဥ်သလိုမဖြစ်ခဲ့​ပေ။

ထုတ်ပြန်ကြေညာချက်များတွင် ထိုသို့ ပြုလုပ်သူများအား အကြမ်းဖက် သမားများက မိုင်းထောင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သုံးနှုံးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ရထားတိုက်ခံရလို့ ဘူတာရုံက အလုပ်သမား ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။