Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် ပျူ​စောထီးစခန်းမှအပြင်ထွက်လာ​သော စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနစ်ဦး​သေဟု ဗိုလ်နဂါး​ပြော

ပုလဲမြို့နယ်၏ ပျူစောထီးရွာဟု သတ်မှတ်ထားသည့် အင်မထီးကျေးရွာတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲထားကာကျေးရွာ ဘေးပတ်ပတ်လည် လယ်ကွင်းများအတွင်း၌ နင်းမိုင်း၊ တိုက်မိုင်းများဖြင့် မိုင်းထောင်ထားကြောင်းလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဆိုသည်။

(အင်မထီးကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ပျူစောထီး သင်တန်းဖွင့်လှစ်ရန် ကြိုးပမ်းစဥ် ၊ပုံဟောင်းဖြစ်သည်။)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာ ပျူစောထီးစခန်းမှ ​ကျေးရွာအပြင်သို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ရာ ခုနှစ်ဦးသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၀) နံနက် ၉နာရီခွဲခန့်က အင်မထီးရွာနှင့် ကိုင်းတွင်း​ကျေးရွာအကြား၌ အင်အား ၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ၅၀ခန့်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု (MRDA) ဦးဆောင်သူ ဗိုလ်နဂါးက ​ပြောသည်။

“ဒီကောင်တွေ အင်မထီးရွာထဲကို ပြန်ပါဝင်ပြေး ရတာ။သေတာတော့ ပျူတစ်ချို့လည်းပါတယ်။ နောက်ပြီး ငါးယောက်လောက်လည်း ဒဏ်ရာပြင်းတယ်လို့ သိရတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

တိုက်ပွဲအတွင်း ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း (MRDA)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်၏ ပျူစောထီးရွာဟု သတ်မှတ်ထားသည့် အင်မထီးကျေးရွာတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲထားကာကျေးရွာ ဘေးပတ်ပတ်လည် လယ်ကွင်းများအတွင်း၌ နင်းမိုင်း၊ တိုက်မိုင်းများဖြင့် မိုင်းထောင်ထားကြောင်းလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဆိုသည်။

ထို့ကြောင့် မတ်လ ၂၆ ရက်တွင် ​ဒေသခံပြည်သူ သုံးဦး မိုင်းထိခဲ့သဖြင့် အထူးသတိထား၍သွားလာခြင်းပြုရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသ​​နေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းက​နေ ဒီ​နေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။

Facebook