Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲနယ်တွင် ပျူ​စောထီးစခန်းမှအပြင်ထွက်လာ​သော စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနစ်ဦး​သေဟု ဗိုလ်နဂါး​ပြော

ပုလဲမြို့နယ်၏ ပျူစောထီးရွာဟု သတ်မှတ်ထားသည့် အင်မထီးကျေးရွာတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲထားကာကျေးရွာ ဘေးပတ်ပတ်လည် လယ်ကွင်းများအတွင်း၌ နင်းမိုင်း၊ တိုက်မိုင်းများဖြင့် မိုင်းထောင်ထားကြောင်းလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဆိုသည်။

(အင်မထီးကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ပျူစောထီး သင်တန်းဖွင့်လှစ်ရန် ကြိုးပမ်းစဥ် ၊ပုံဟောင်းဖြစ်သည်။)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာ ပျူစောထီးစခန်းမှ ​ကျေးရွာအပြင်သို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ရာ ခုနှစ်ဦးသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၀) နံနက် ၉နာရီခွဲခန့်က အင်မထီးရွာနှင့် ကိုင်းတွင်း​ကျေးရွာအကြား၌ အင်အား ၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ၅၀ခန့်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု (MRDA) ဦးဆောင်သူ ဗိုလ်နဂါးက ​ပြောသည်။

“ဒီကောင်တွေ အင်မထီးရွာထဲကို ပြန်ပါဝင်ပြေး ရတာ။သေတာတော့ ပျူတစ်ချို့လည်းပါတယ်။ နောက်ပြီး ငါးယောက်လောက်လည်း ဒဏ်ရာပြင်းတယ်လို့ သိရတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

တိုက်ပွဲအတွင်း ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း (MRDA)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်၏ ပျူစောထီးရွာဟု သတ်မှတ်ထားသည့် အင်မထီးကျေးရွာတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲထားကာကျေးရွာ ဘေးပတ်ပတ်လည် လယ်ကွင်းများအတွင်း၌ နင်းမိုင်း၊ တိုက်မိုင်းများဖြင့် မိုင်းထောင်ထားကြောင်းလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဆိုသည်။

ထို့ကြောင့် မတ်လ ၂၆ ရက်တွင် ​ဒေသခံပြည်သူ သုံးဦး မိုင်းထိခဲ့သဖြင့် အထူးသတိထား၍သွားလာခြင်းပြုရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။