Connect with us

Hi, what are you looking for?

News

ကသာမြို့နယ်တွင် ခြေလျှင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်တပ်သားများသေဆုံးမှုရှိဟု မြို့လှ PDFပြော

မြို့လှ PDFတပ်ရင်းနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၁၅)မှ အင်အား ၇၈ ဦးပါ အဖွဲ့ကို ယနေ့(မတ်လ ၃၁ ရက်) နံနက် ၆နာရီခွဲတွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝကျေးရွာမှ ခြေလျှင်စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်သားများထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

မြို့လှ PDFတပ်ရင်းနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၁၅)မှ အင်အား ၇၈ ဦးပါ အဖွဲ့ကို ယနေ့(မတ်လ ၃၁ ရက်) နံနက် ၆နာရီခွဲတွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ချောင်းဝရွာမှ သဖန်းဒေါင့်ရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် ဒေသ ကာကွယ်ရေးတပ်မှ မိုင်း ၃သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၁၀ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက် ကျဆုံးမှု ရှိနိုင်ပြီး ဒေသကာကွယ် ရေးတပ်မှ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့လှ PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဒေသများတွင် အကြမ်းဖက်စစ်တပ်နှင့် မြို့လှ PDFတို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး ယခုလအတွင်း ထိတွေ့မှု ငါးကြိမ်းထက်မနည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။