Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာမြို့နယ်တွင် ခြေလျှင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်တပ်သားများသေဆုံးမှုရှိဟု မြို့လှ PDFပြော

မြို့လှ PDFတပ်ရင်းနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၁၅)မှ အင်အား ၇၈ ဦးပါ အဖွဲ့ကို ယနေ့(မတ်လ ၃၁ ရက်) နံနက် ၆နာရီခွဲတွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝကျေးရွာမှ ခြေလျှင်စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်သားများထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

မြို့လှ PDFတပ်ရင်းနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၁၅)မှ အင်အား ၇၈ ဦးပါ အဖွဲ့ကို ယနေ့(မတ်လ ၃၁ ရက်) နံနက် ၆နာရီခွဲတွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ချောင်းဝရွာမှ သဖန်းဒေါင့်ရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် ဒေသ ကာကွယ်ရေးတပ်မှ မိုင်း ၃သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၁၀ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက် ကျဆုံးမှု ရှိနိုင်ပြီး ဒေသကာကွယ် ရေးတပ်မှ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့လှ PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဒေသများတွင် အကြမ်းဖက်စစ်တပ်နှင့် မြို့လှ PDFတို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး ယခုလအတွင်း ထိတွေ့မှု ငါးကြိမ်းထက်မနည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။