Connect with us

Hi, what are you looking for?

News

မင်းကင်းနှင့် ကနီနယ်ကြားတွင် စစ်ကောင်စီတပ် စစ်​ကြောင်းထိုးလာ၍ ​ဒေသခံများလွတ်​မြောက်ရာ ​ရှောင် ရှားကြရန် KPDF-2 သတိ​ပေး

မုံရွာ-ယာကြီး- ကလေးဝလမ်းပိုင်း မိုင်တိုင်အမှတ် (၅၈)၊ ကနီမြို့နယ်အပိုင် လာပို့ရွာ‌အရှေ့တွင် စခန်းချထားသော ဆက်သွယ်ရေးတပ်သို့ ရိက္ခာပို့ရန် (သို့မဟုတ်)နယ်မြေစိုးမှုပြုလုပ်ရန် လာရောက်သည်ဟု KPDF- 2က ယူဆသည်။

(မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း တစ်​နေရာအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မင်းကင်းနှင့် ကနီမြို့နယ်ကြားတွင် စစ်ကား​လေးစီးနှင့်အတူ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး အင်အား၈၀ခန့်သည် ခြေလျင်စစ်ကြောင်းထွက်လာ ၍ ​ဒေသခံများလွတ်​မြောက်ရာ ​ရှောင်ရှားကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) KPDF- 2 က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မင်းကင်းတောင်တွင်းဒေသမှ တက်လာခြင်းဖြစ်ပြီး မတ်လ ၃၁ရက် ညနေပိုင်းတွင် မုံရွာ-ယာကြီး- ကလေးဝလမ်းပိုင်း၊ မိုင်တိုင်အမှတ်(၆၇)သို့ ရောက်ရှိ၍ ညအိပ်ရပ်နားခဲ့သည်ဟု KPDF-2က ဆိုသည်။

(မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း တစ်​နေရာအား ​တွေ့ရစဥ်)

မုံရွာ-ယာကြီး- ကလေးဝလမ်းပိုင်း မိုင်တိုင်အမှတ် (၅၈)၊ ကနီမြို့နယ်အပိုင် လာပို့ရွာ‌အရှေ့တွင် စခန်းချထားသော ဆက်သွယ်ရေးတပ်သို့ ရိက္ခာပို့ရန် (သို့မဟုတ်)နယ်မြေစိုးမှုပြုလုပ်ရန် လာရောက်သည်ဟု KPDF- 2က ယူဆသည်။

လတ်တလောအခြေအနေအရ ဒေသခံများလွတ်‌မြောက်ရာသို့ ရှောင်ရှားရန်နှင့် ရပ်ဝေးခရီးသွားဧည့်သည်များအနေဖြင့် လတ်တလောကာလအတွင်း မလာရောက်ရန် အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကားလေးစီးအပါ စစ်အင်အားအရ ဆို စစ်ခ နဲ့ ပျူက ၁၅၀လောက်ရှိတာ။ကျွန်တော်တို့ကတော့ စောင့်ကြည့်နေဆဲပဲလို့ လောလောဆယ်ပြောပါရစေ”ဟု ကနီမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

မတ်လအတွင်းက ကနီနှင့် မင်းကင်းဒေသအတွင်း တပ်စွဲထားသည့် အကြမ်ဖက်စစ်အုပ်စုနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့မှု ငါးကြိမ်ထက်မနည်းရှိခဲ့ကာ စစ်ကောင်စီတပ်တပ်သားနှင့် ပျူစောထီး ၂၀ကျော် သေဆုံးပြီး ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

Facebook