Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်သည့် ရွာအတွင်း လက်နက်ကြီးပစ်ခတ်၍ အရပ်သားတစ်ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ နေရာများနှင့် လူနေကျေးရွာများသို့ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာတစ်ခုအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

ယနေ့ (ဧပြီ ၁ရက်)နံနက် ၁နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာ ဘုရားရှိခိုးကျောင်းအနီး လက်နက် ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၀)ကျော် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ နေရာများနှင့် လူနေကျေးရွာများသို့ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – KNDF

စစ်ကောင်စီတပ်သည် မတ်လ ၂၈ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါ်တော်ကူးကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍သက်ကြီးပိုင်း အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။