Connect with us

Hi, what are you looking for?

News

ဖရူဆိုတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ၊ KNDF ရဲ​ဘော်များထိခိုက်မှုမရှိ

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းထားပြီး
တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများသတိဖြင့် နေထိုင်ရန် KNDFက တိုက်တွန်းထားသည်။

▪️ပြည်သူများ ဂရုတစိုက်နေထိုင်ကြရန် သတိပေးထား

ကရင်နီပြည်နယ် ဒီးမော့ဆိိုမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF) တပ်ရင်းနှစ်ခုက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒီမောဆိုနှင့်ထိစပ်နေသည့် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအ‌နီးတွင် KNDF တပ်ရင်း (၁၅)နှင့် တပ်ရင်း (၄)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ တိုက်ပွဲသည် မတ်လ ၃၁ရက်က ဖြစ်ခဲ့ပြီး ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် ယနေ့(ဧပြီ ၂ရက်)မှသာ ထုတ်ပြန်ခြင်းဟု KNDF ရဲဘော်တစ်ဦးကပြောသည်။ စစ်ကောင်စီဘက်က လေးဦးသေ အောင် တိုက်ခိုက်နိုင်ခဲ့သလို KNDFဘက်က ထိခိုက်သူ မရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းထားပြီး
တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများသတိဖြင့် နေထိုင်ရန် KNDFက တိုက်တွန်းထားသည်။

အထူးသဖြင့်တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင်
ပြည်သူများ သွားလာခြင်းလုံးဝမပြုလုပ်ကြပါရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၄)က အထူးအသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့(ဧပြီ ၁ရက်) နံနက်ကလည်း ဒီမောဆိုမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းနေရာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။

နေပြည်တော်နှင့် ထိစပ်နေသည့် ကရင်နီဒေသကို စစ်ကောင်စီက နည်းမျိုးစုံသုံး၍ စစ်ကြောင်းထိုးနေပြီး KNDFအပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ခုခံတိုက်ခိုက်နေသည်။ တိုက်ပွဲများ မကြာခဏ ဖြစ်နေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပြည်သူ လူထုအနေဖြင့် ယခက်ကထက်ပို၍ အာရုံစိုက်ကူညီပေးရန် ကရင်နီဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။