Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ၊ KNDF ရဲ​ဘော်များထိခိုက်မှုမရှိ

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းထားပြီး
တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများသတိဖြင့် နေထိုင်ရန် KNDFက တိုက်တွန်းထားသည်။

▪️ပြည်သူများ ဂရုတစိုက်နေထိုင်ကြရန် သတိပေးထား

ကရင်နီပြည်နယ် ဒီးမော့ဆိိုမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF) တပ်ရင်းနှစ်ခုက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒီမောဆိုနှင့်ထိစပ်နေသည့် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအ‌နီးတွင် KNDF တပ်ရင်း (၁၅)နှင့် တပ်ရင်း (၄)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ တိုက်ပွဲသည် မတ်လ ၃၁ရက်က ဖြစ်ခဲ့ပြီး ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် ယနေ့(ဧပြီ ၂ရက်)မှသာ ထုတ်ပြန်ခြင်းဟု KNDF ရဲဘော်တစ်ဦးကပြောသည်။ စစ်ကောင်စီဘက်က လေးဦးသေ အောင် တိုက်ခိုက်နိုင်ခဲ့သလို KNDFဘက်က ထိခိုက်သူ မရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းထားပြီး
တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများသတိဖြင့် နေထိုင်ရန် KNDFက တိုက်တွန်းထားသည်။

အထူးသဖြင့်တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင်
ပြည်သူများ သွားလာခြင်းလုံးဝမပြုလုပ်ကြပါရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၄)က အထူးအသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့(ဧပြီ ၁ရက်) နံနက်ကလည်း ဒီမောဆိုမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းနေရာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။

နေပြည်တော်နှင့် ထိစပ်နေသည့် ကရင်နီဒေသကို စစ်ကောင်စီက နည်းမျိုးစုံသုံး၍ စစ်ကြောင်းထိုးနေပြီး KNDFအပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ခုခံတိုက်ခိုက်နေသည်။ တိုက်ပွဲများ မကြာခဏ ဖြစ်နေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပြည်သူ လူထုအနေဖြင့် ယခက်ကထက်ပို၍ အာရုံစိုက်ကူညီပေးရန် ကရင်နီဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။