Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်ခရိုင်ထဲ မတ်လအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တစ်ရာကျော်သေဆုံးခဲ့တယ်လို့ ဆို

မတ်လ တစ်လတာအတွင်းမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တိုက်ပွဲပေါင်း (၃၅၉)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF တို့ဘက်က (၁၁၈)ဦး​ သေဆုံးပြီး (၅၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင်ထဲမှာ မတ်လ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

မတ်လ တစ်လတာအတွင်းမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တိုက်ပွဲပေါင်း (၃၅၉)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF တို့ဘက်က (၁၁၈)ဦး​ သေဆုံးပြီး (၅၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါ ပါဝင်ခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်သုံးယာဉ် မော်တော်ကား ၁၇ စီး၊ စစ်သုံးယာဉ်သာမန်မော်တော်ကား ၂ စီး၊ မြင်းလားနှစ်ကောင်နဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေး အထောက်အကူပြုရုံးတစ်လုံးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က စစ်သည် ၁၀ ဦး ကျဆုံးသွားခဲ့ရပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒီလို နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေဖြစ်ပွားနေစဉ် စစ်ကောင်စီက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ကျေးရွာနဲ့ လယ်ယာခြံမြေတွေထဲကို ပစ်ခတ်ခဲ့လို့ တစ်လတာအတွင်းမှာ ဒေသခံပြည်သူ ၁၈ ဦးသေဆုံးသွားခဲ့ပြီး ၁၀ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေနေထိုင်တဲ့ကျေးရွာနဲ့ လယ်ယာခြံမြေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအချက်ပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့သလို လေယာဉ်နဲ့ ဗုံး ၁၃ လုံး လာရောက်ကြဲချပစ်ခတ်သွားခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။