Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်ထဲ မတ်လအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တစ်ရာကျော်သေဆုံးခဲ့တယ်လို့ ဆို

မတ်လ တစ်လတာအတွင်းမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တိုက်ပွဲပေါင်း (၃၅၉)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF တို့ဘက်က (၁၁၈)ဦး​ သေဆုံးပြီး (၅၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင်ထဲမှာ မတ်လ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

မတ်လ တစ်လတာအတွင်းမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တိုက်ပွဲပေါင်း (၃၅၉)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF တို့ဘက်က (၁၁၈)ဦး​ သေဆုံးပြီး (၅၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါ ပါဝင်ခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်သုံးယာဉ် မော်တော်ကား ၁၇ စီး၊ စစ်သုံးယာဉ်သာမန်မော်တော်ကား ၂ စီး၊ မြင်းလားနှစ်ကောင်နဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေး အထောက်အကူပြုရုံးတစ်လုံးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က စစ်သည် ၁၀ ဦး ကျဆုံးသွားခဲ့ရပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒီလို နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေဖြစ်ပွားနေစဉ် စစ်ကောင်စီက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ကျေးရွာနဲ့ လယ်ယာခြံမြေတွေထဲကို ပစ်ခတ်ခဲ့လို့ တစ်လတာအတွင်းမှာ ဒေသခံပြည်သူ ၁၈ ဦးသေဆုံးသွားခဲ့ပြီး ၁၀ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေနေထိုင်တဲ့ကျေးရွာနဲ့ လယ်ယာခြံမြေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအချက်ပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့သလို လေယာဉ်နဲ့ ဗုံး ၁၃ လုံး လာရောက်ကြဲချပစ်ခတ်သွားခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။