Connect with us

Hi, what are you looking for?

News

ခင်ဦးနယ်တွင် အိမ်​ခြေ​တစ်​ထောင်ခန့်ရှိ​သော ငါးတင်းကြီးရွာကို စစ်​ကောင်စီတပ် မီးတင်ရှို့​နေ

မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ရွာများမှာ ရွာသစ်ကုန်းရွာ၊ဒန်းကုန်းရွာ၊မှန်တောရွာ၊ကျွန်းလယ်ရွာ၊သက်ပေးရွာ၊တမုတ်ရွာ၊ကုလားလူးရွာနဇင့် ရှားလွင်ရွာတို့ ဖြစ်သည်။

(ငါးတင်းကြီးကျေးရွာအားအကြမ်းဖက်စစ်တပ်က စတင်မီးရှို့နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးသတင်းမှန်ပြန်​ကြားရေး)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၌ ​အိမ်ခြေ ၁,၀၀၀ ခန့်ရှိသော ငါးတင်းကြီးကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးတင်ရှို့နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြော သည်။

ယနေ့(ဧပြီ ၃ ရက်)နံနက် ၉နာရီခန့်ကစ၍ အင်အား ၁၀၀ ကျော်ဖြင့် အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းနေသဖြင့် ငါးတင်းကြီးကျေးရွာ ဒေသခံ ထောင်နှင့်ချီမှာလည်း ထွက်ပြေးနေရသည်ဟုလည်း ဆိုသည်။

“လူဦးရေအရဆို ၄,၀၀၀ ကျော်လောက် တကွဲတပြားထွက်ပြေးနေရတယ်။အခုက တစ်အိမ်ချင်းစီကို မီးရှို့နေတဲ့ ပုံစံ”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိရာသီဥတု အခြေအနေအရလည်း လေပြင်းများတိုက်ခိုက်နေသည်မှာ ဒေသခံနေအိမ် အများအပြား မီးလောင်ကျွမ်းခံရနိုင်ကြောင်း Khin U Local Guerrilla Force တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

(ငါးတင်းကြီးကျေးရွာအားအကြမ်းဖက်စစ်တပ်က စတင်မီးရှို့နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးသတင်းမှန်ပြန်​ကြားရေး)

“အခုက တစ်ရွာဝင်တစ်ရွာထွက်ကို မီးရှို့နေတာ။ အကြောင်းမဲ့ကို ရှို့နေတာ။သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေ ဒုက္ခအမျိုးမျိုးခံစားနေရပါတယ်”ဟု ၎င်းက ပြော သည်။

ဒေသခံအချက်အလက်များအရခင်ဦးမြို့နယ်တွင်ဖေဖော်ဝါရီ ၁ရက်မှ မတ်လကုန်အထိ နေအိမ်ပေါင်း ၄၄၃အိမ်အထိ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ရွာများမှာ ရွာသစ်ကုန်းရွာ၊ဒန်းကုန်းရွာ၊မှန်တောရွာ၊ကျွန်းလယ်ရွာ၊သက်ပေးရွာ၊တမုတ်ရွာ၊ကုလားလူးရွာနဇင့် ရှားလွင်ရွာတို့ ဖြစ်သည်။

ထိုဖြစ်စဥ်များကြောင့် ဒေသခံ ၄,၀၀၀ခန့်သည် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(ငါးတင်းကြီးကျေးရွာအားအကြမ်းဖက်စစ်တပ်က စတင်မီးရှို့နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးသတင်းမှန်ပြန်​ကြားရေး)

ယမန်နေ့ (ဧပြီ ၂ ရက်) နံနက်ပိုင်းက အသတ်ခံထားရသော စစ်ကောင်စီသတင်းပေး ဒလန်နှစ်ဦး၏ ရုပ်အလောင်းအား လာရောက်ကောက်ယူခဲ့သည့် ပျဥ်ထောင်ရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ဒေသတွင်းPDF အဖွဲ့များနှင့် ထိပ်တိုက်ပစ်ခဲ့ကြရာ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ ယင်းပျဥ်ထောင်ကျေးရွာရှိ စစ်တပ်နှင့် ပျူများအား မတ်လ ၃၀ရက်က ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရရာ တစ်ဦးသေဆုံးခဲ့ပြီး ငါးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြာင်း၊ ဧပြီ ၁ရက် ညနေ၄နာရီခန့်ကလည်း မင်းဝံစိုက်ကွင်းဘက်ရောက်လာသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား ဒေသတွင်း PDF အဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှသေဆုံးမှုများရှိပြီး ပြည်သူ့ရဲဘော်သုံးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်ခံရသည့်အကြမ်းဖက်စစ်တပ်သည် မင်းဝံစိုက်ကွင်းကျေးရွာအား မီးရှို့ခဲ့ပြီး ကျောက်ချောရွာ၊ ရွှေလူးအိုင်(ခ)ဝက်လူးအိုင်ရွာများကိုပါ ဝင်ရောက်ဖျက်ဆီးခဲ့၍ ပြည်သူများ ထွက် ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook