Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲအတွက်ဆိုပြီး ရပ်ကွက်တွေမှာ လူဦးရေစာရင်း စစ်ကောင်စီ တစ်အိမ်တက်ဆင်းကောက်ယူနေ

အဲဒီစာရွက်မှာ အမည် ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် ၊ အဖေ ၊အမေ အမည် ၊ လူမျိုး ၊ အလုပ်အကိုင် နဲ့ နေရပ်လိပ်စာတွေကို ဖြည့်စွက်ဖို့ပါပါတယ်။

ရွေးကောက်ပွဲအတွက်ဆိုပြီး ရန်ကုန်က မြို့နယ်အချို့မှာ လူဦးရေ စာရင်း လိုက်လံကောက်ယူတာတွေကို စစ်ကောင်စီ က ဒီရက်ပိုင်းမှာစတင်လုပ်ဆောင်လာပါတယ်။

မိသားစု လူဦးရေဖြည့်စွက်ဖို့အတွက် စာရင်းစာရွက်တွေကို ရပ်ကွက်ရုံးကနေ တစ်အိမ်တက်ဆင်း လိုက်လံဖြန့်ဝေနေတာလို့ People’s Spring က စုံစမ်းသိရပါတယ်။

အဲဒီစာရွက်မှာ အမည် ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် ၊ အဖေ ၊အမေ အမည် ၊ လူမျိုး ၊ အလုပ်အကိုင် နဲ့ နေရပ်လိပ်စာတွေကို ဖြည့်စွက်ဖို့ပါပါတယ်။

ရန်ကုန်မြို့ဆင်ခြေဖုန်းမြို့နယ်တစ်ခုမှာဆို ရပ်ကွက်ရုံးက ဆိုကာ အမျိုးသားတစ်ယောက် ဟာ အိမ်တိုင်းစေ့ အဲဒီစာရွက်ကို လိုက်ဝေငှပြီး တစ်ရက်အကြာမှာ လိုက်လံသိမ်းဆည်းမယ်လို့ အသိပေးသွားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေက မိသားစု လူဦးရေ စာရင်း ဖြည့်စွက်ရမယ့် စာရွက်ဖြန့်ဝေတဲ့အကြောင်းရင်းကိုမေးမြန်းရာမှာ လာမယ့်ရွေးကောက်ပွဲအတွက်လို့ ပြောသွားတဲ့အကြောင်းသိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲကို လာမယ့်နှစ် သြဂုတ်လအတွင်း ကျင်းပမယ်လို့ ကြေညာထားတာရှိပါတယ်။

ဒီရွေးကောက်ပွဲကို ဝင်ပြိုင်တိုင်းပါတီတိုင်း အမတ်ရနိုင်မယ့် အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ မဲပေးသူများအောင် မှတ်ပုံတင်ကို စီမံကိန်းနဲ့ လုပ်နေသလို မဲစာရင်းမှန်ကန်အောင်ဆိုပြီး လူဦးရေ စာရင်းကောက်နေတာတွေကိုလည်းစစ်အုပ်စုက တပြိုင်နက်တည်းလုပ်ဆောင်နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆို စစ်အုပ်စု ဒုတိယခေါင်းဆောင်က မဲစာရင်းမှန်ဖို့ ဆိုကာ တစ်အိမ်တက်ဆင်း လူဦးရေစိစစ်ဖို့ အစည်းအဝေးခေါ်ပြီး ပြောခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာကနေ ထုတ်ပြန်ထားပါတယ်။

အဲဒီအစည်းအဝေးကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်နဲ့ လဝက ဌာနက သူတွေ တက်ရောက်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook