Connect with us

Hi, what are you looking for?

News

မင်းကင်းနယ်တွင် စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်များက နှစ်ရက်အတွင်း တိုက်ခိုက်

အကြမ်းဖက်စစ်တပ်နှင့်ပျူများသည် တောင်တွင်းဒေသ ထုံးကြီးရွာအနီးတွင် ဒေသခံ မဟာမိတ်အဖွဲ့များနှင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထုံးကြီးရွာအနီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုအခါ သစ်ခေါင်းတီးကျေးရွာအနီး သရက်တောကျောင်းတိုက်တွင် စတည်းချလျက်ရှိကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က အသိပေးထားသည်။

မင်းကင်းနယ်တွင် စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်များက နှစ်ရက်အတွင်း တိုက်ခိုက်
▪️စစ်​ကောင်စီတပ်သားနှင့် ပျူ၁၀ဦးထက်မနည်း​သေဟုဆို

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား နှစ်ရက်အတွင်း ငါးကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့မှ ၁၀ဦးထက်မနည်းသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။

ဧပြီ ၁ ရက် နံနက်ပိုင်းက မုံရွာ -ယာကြီးလမ်းပိုင်းအတိုင်းတက်လာကြသော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၈၀ကျော်ခန့်ပါ စစ်ကား​လေးစီးအား မိုင်တိုင်(၆၇)နှင့် (၆၈)ကြားအရောက် နံနက် ၇နာရီခန့်တွင် PDF ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပဒေသာမိုင်း၊ ရှော့တိုက်မိုင်းများဆွဲပြီးတိုက်ခိုက်ခဲ့ရာ အချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်နှင့်ပျူစောထီး စုစုပေါင်း ၁၀ဦးခန့်သေဆုံးပြီး ငါးဦးခန့်အပြင်းအထန်ဒဏ်ရာရရှိ​ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် လက်နက်ကြီး ၊ စက်လက်များဖြင့်ပြန်လည်အပြင်းအထန်ပစ်ခက်ခဲ့မှုကြောင့် မဟာမိတ်ပူးပေါင်းအဖွဲ့များဘက်မှလည်း အနည်းငယ် ထိခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်အုပ်စုသည် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ရှေ့ဆက်မသွားဘဲ အနီးနားတွင် ဆေးကုသကာ စတည်းချခဲ့ကြကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့​နောက် အ​ကြမ်းဖက်အုပ်စုသည် နံနက် ၉နာရီခန့်တွင် ပြန်လည်ထွက်ခွာခဲ့ကြရာ မိုင်တိုင်(၆၆)အရောက်တွင် မဟာမိတ်အဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ခြေလျင်စစ်ကြောင်းနှင့် နေ့လယ် ၁ နာရီခန့်အထိ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှသည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ အထိအခိုက်မရှိ ခွာစစ်ဆင်ခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုရက်က မုံရွာ-ယာကြီး လမ်းပိုင်း မိုင်တိုင် ၆၄ တွင်ညအိပ်ခဲ့ကြပြီး အနီးနားရှိ နေအိမ်သုံးလုံးကို ဖျက်ဆီးခဲ့ကြကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။

ဧပြီ ၁ရက်အထိတွေ့မှုအပြီး မိုင်တိုင်(၆၄)တွင် စခန်းချခဲ့ပြီး ဧပြီ ၂ ရက်တွင် လာပို့​ကျေးရွာထိပ်ရှိ ဆက်သွယ်ရေးစခန်းသို့ရောက်ရှိ စခန်းချခဲ့ကြပြီး ၎င်းတို့ စခန်းချနေစဉ်အတွင်း မုံရွာ-ယာကြီးလမ်းဘေးရှိ လာပို့ရွာအနီးနေအိမ် ၁၀လုံးနှင့် ၀က်ခြံအားမီးရှို့ဖျက်ဆီးခဲ့ခြင်း၊ စစ်ဘေးရှောင်ပြည်သူတစ်ဦးအား ဖမ်းဆီးနှိပ်စက်၍ ၎င်းတို့စတည်းချရာနေရာအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ နေ့လယ် မွန်းတည့်ချိန်တွင် လာပို့ရွာအတွင်း၀င်ရောက်ပြီး နေအိမ်များ၊ ဆိုင်များထဲမှ ပစ္စည်းများ၊ ငွေများယူဆောင်သွားပြီး ၀က်တစ်ကောင်အား စစ်ကားပေါ်တင်ဆောင်သွားခဲ့ကြောင်း ထပ်မံအသိပေးသည်။

ထိုသို့ လုယက်ဖျက်ဆီးမှုများပြုလုပ်ပြီးနောက် နေ့လယ် ၁နာရီခန့်တွင် လာရာလမ်းအတိုင်း ပြန်လည်အနောက်ဆုတ်သွားကြပြီး မိုင်တိုင်(၆၆)တွင် စခန်းချညအိပ်ခဲ့ကြောင်း၊ ထို့နောက် ဧပြီ ၃ရက်တွင် အကြမ်းဖက်စစ်တပ်များ လာရာလမ်းအတိုင်း ထပ်မံဆုတ်ခွာကြရာ ရှေ့ပြေးမိုင်းရှင်းလင်းရေးတစ်ဖွဲ့က လမ်းအောက်ဆင်းပြီး သွားကြသည့်အတွက် တောင်တွင်း(ပကဖ) အဖွဲ့မှထောင်ထားသည့်မိုင်းအား လွတ်မြောက်သွားပြီး ဒုတိယအဖွဲ့ အရောက်တွင် ချိန်သားကိုက် ပေါက်ကွဲမှုဖြစ်သွားသောကြောင့် အကြမ်းဖက်စစ်တပ်နှင့်ပျုများ အထိ အခိုက်အများအပြားရှိနိုင်ကြောင်း၊ မိုင်တိုင်အမှတ် (၇၀) အရောက်တွင် စစ်ကောင်စီတပ်များသည် ကားလမ်းဘေးရှိ လမ်းဆိုဒ်မှ အလုပ်သမားတဲများအားဖျက်ဆီးခဲ့ပြီး မိုင်တိုင် (၇၁)အရောက်တွင် တောင်တွင်း ပကဖ အဖွဲ့ထောင်ထားသော မိုင်းမိသွားခဲ့ရာ ကားအပျက်အစီးများ ကျန်နေခဲ့ကြောင်း ဖော်ပြထားသည်။
မဟာမိတ်ပူးပေါင်းအဖွဲ့များတွင် KPDF-2၊ ကနီတပ်ရင်း (၂)၊ B-21 ၊ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) MKPDF-2 ၊ တပ်ခွဲ (၂)၊ ဒီပဲယင်းတပ်ရင်း (၃) စသည့်အဖွဲ့များပူးပေါင်းပါ၀င်ခဲ့ကြသည်။

အကြမ်းဖက်စစ်တပ်နှင့်ပျူများသည် တောင်တွင်းဒေသ ထုံးကြီးရွာအနီးတွင် ဒေသခံ မဟာမိတ်အဖွဲ့များနှင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထုံးကြီးရွာအနီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုအခါ သစ်ခေါင်းတီးကျေးရွာအနီး သရက်တောကျောင်းတိုက်တွင် စတည်းချလျက်ရှိကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ