Connect with us

Hi, what are you looking for?

News

ထွီလွီးဘီလာတိုက်ပွဲ စစ်ကောင်စီတပ်သုံးဦးသေ၊ KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရ

ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် ဖရူဆိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းထောက်ပံ့ ရန် အကြမ်းဖက် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည့်အတွက် ထွီလွီးဘီလာ- ငွေတောင်ရွာသစ် လမ်းပိုင်းကို ပြည်သူများအနေဖြင့် လတ်တလော အသုံးမပြုရန် KNDF က မေတ္တာရပ်ခံသည်။

ဓာတ်ပုံ - KNDF/B-19

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာကျေးရွာသို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)B-19 က ထုတ်ပြန်သည်။

“ကျသွားတဲ့ရဲဘော်မိုက်ကယ်က KNDF တပ်ရင်း(၁)က ပါ။လောလောဆယ် တော့ ဒီလောက်ပဲ သိထားသေးတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဓာတ်ပုံ – KNDF/B-19

ကျဆုံးခဲ့သော အာဇာနည်ရဲဘော်အား တော်လှန်ရေး ရဲဘော်တိုင်းမှ အလေးနီပြုကြောင်း KNDF B-19 က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း အင်အားအများ အပြား တိုးချထား ပြီး KNDF အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုက်ပွဲများနေ့စဥ် ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ဒီရက်ထဲ ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတော့ ကျွန်တော်တို့ဘက်ကို လှူတာနည်း သွားတယ်။ ကရင်နီမှာလည်း တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ သေနတ်ကျည်လိုအပ်ချက်ရှိပါ တယ်။ လှုုပေးကြပါ”ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ – KNDF/B-19

ထွီလွီးဘီလာ- ငွေတောင်ကျေးရွာသစ်လမ်းမပေါ်မှတစ်ဆင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ အိမ်စီးကားများအသုံးပြု၍ ၎င်းတို့ တပ်သားများကို ပို့ဆောင်ဖြတ်သန်းသွားလာသည့်အပြင် ထွီလွီးဘီလာကျေးရွာအတွင်း ဝင်ရောက် မီးရှို့ခြင်းများပြု လုပ်နေသဖြင့် KNDF တပ်ရင်းများ နှင့် ယနေ့ နေ့လယ်ပိုင်းမှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် ဖရူဆိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းထောက်ပံ့ ရန် အကြမ်းဖက် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည့်အတွက် ထွီလွီးဘီလာ- ငွေတောင်ရွာသစ် လမ်းပိုင်းကို ပြည်သူများအနေဖြင့် လတ်တလော အသုံးမပြုရန် KNDF က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။