Connect with us

Hi, what are you looking for?

LuduNwayOo

News

ထွီလွီးဘီလာတိုက်ပွဲ စစ်ကောင်စီတပ်သုံးဦးသေ၊ KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရ

ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် ဖရူဆိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းထောက်ပံ့ ရန် အကြမ်းဖက် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည့်အတွက် ထွီလွီးဘီလာ- ငွေတောင်ရွာသစ် လမ်းပိုင်းကို ပြည်သူများအနေဖြင့် လတ်တလော အသုံးမပြုရန် KNDF က မေတ္တာရပ်ခံသည်။

ဓာတ်ပုံ - KNDF/B-19

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာကျေးရွာသို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)B-19 က ထုတ်ပြန်သည်။

“ကျသွားတဲ့ရဲဘော်မိုက်ကယ်က KNDF တပ်ရင်း(၁)က ပါ။လောလောဆယ် တော့ ဒီလောက်ပဲ သိထားသေးတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဓာတ်ပုံ – KNDF/B-19

ကျဆုံးခဲ့သော အာဇာနည်ရဲဘော်အား တော်လှန်ရေး ရဲဘော်တိုင်းမှ အလေးနီပြုကြောင်း KNDF B-19 က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း အင်အားအများ အပြား တိုးချထား ပြီး KNDF အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုက်ပွဲများနေ့စဥ် ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ဒီရက်ထဲ ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတော့ ကျွန်တော်တို့ဘက်ကို လှူတာနည်း သွားတယ်။ ကရင်နီမှာလည်း တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ သေနတ်ကျည်လိုအပ်ချက်ရှိပါ တယ်။ လှုုပေးကြပါ”ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ – KNDF/B-19

ထွီလွီးဘီလာ- ငွေတောင်ကျေးရွာသစ်လမ်းမပေါ်မှတစ်ဆင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ အိမ်စီးကားများအသုံးပြု၍ ၎င်းတို့ တပ်သားများကို ပို့ဆောင်ဖြတ်သန်းသွားလာသည့်အပြင် ထွီလွီးဘီလာကျေးရွာအတွင်း ဝင်ရောက် မီးရှို့ခြင်းများပြု လုပ်နေသဖြင့် KNDF တပ်ရင်းများ နှင့် ယနေ့ နေ့လယ်ပိုင်းမှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် ဖရူဆိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းထောက်ပံ့ ရန် အကြမ်းဖက် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည့်အတွက် ထွီလွီးဘီလာ- ငွေတောင်ရွာသစ် လမ်းပိုင်းကို ပြည်သူများအနေဖြင့် လတ်တလော အသုံးမပြုရန် KNDF က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။