Connect with us

Hi, what are you looking for?

News

ပင်းတယမြို့ပေါ် ပစ်ခတ်မှု စစ်ကောင်စီတပ်နှစ်ဦးသေ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦး ကျဆုံး

ကနဦးတွင် အကြမ်းဖက်စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်ခဲ့ သော်လည်း နောက်ဆက်တွဲသိရသည့် အခြေအနေအရ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦး လည်း ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ဧပြီ ၄ရက်က ဖြစ်ခဲ့သည့် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့(ဧပြီလ ၄ရက်) ညနေ ၂နာရီခွဲက ပင်းတယမြို့ အရှေ့ဘက်အထွက် ရွာငယ်တံတား ဂိတ်အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကနဦးတွင် အကြမ်းဖက်စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်ခဲ့ သော်လည်း နောက်ဆက်တွဲသိရသည့် အခြေအနေအရ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦး လည်း ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသည့် စစ်ကောင်စီ တပ်သားနှစ်ဦးကို အောင်ပန်းမြို့ ကုတင် (၇၀၀) ဆေးရုံသို့ သယ်ဆောင်သွားပြီး ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို ပင်းတယဆေးရုံ၌ ထားရှိ သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန် ရေးလူမှုကွန်ရက်စာမျက်နှာ Voice Of Pindaya ကလည်း ဧပြီ ၄ရက်က ပစ်ခတ်မှုအတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံး ခဲ့ရသည်ကို ဖော်​ပြထားသည်။

ဧပြီ ၄ ရက်ညတွင် ပင်းတယမြို့ ရွာသစ်ရပ်ကွက်မှ လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိကြောင်း Voice Of Pindayaက ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ပါဝင်သော ပင်တယနှင့် ရွာငံတွင် ပင်းတယမြို့ ပြပြောက်ကျားတပ်ဖွဲ့ (UGP) ၊ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) ဖွဲ့စည်းထားပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး မဟာမိတ် အဖြစ် ပူးပေါင်းထားကြသည်။

ပင်းတယမြို့ပေါ်၌ မတ်လ ၁ရက်မှ ဧပြီ၄ရက်အထိ တစ်လကျော်အတွင်း အရပ်သား ၅၀ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြန်လွတ်လာသူအချို့ ရှိသော်လည်း အချို့ကို ထိန်းသိမ်းထားဆဲဟုVoice Of Pindayaက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ