Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ် ငါးတင်းကြီးရွာအား စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး၍ အိမ်ခြေ ၂၅၀ခန့် ပြာကျ

“ခင်ဦးမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသော အိမ်ခြေပေါင်း၇၀၀ခန့်ရှိလာပြီ ဖြစ်သလို ဒေသခံ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ နေစရာ၊စားစရာ၊ဆေးဝါးကအစ အခက်အခဲဖြစ်နေပါတယ်။” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

"ခင်ဦးမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသော အိမ်ခြေပေါင်း၇၀၀ခန့်ရှိလာပြီ ဖြစ်သလို ဒေသခံ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ နေစရာ၊စားစရာ၊ဆေးဝါးကအစ အခက်အခဲဖြစ်နေပါတယ်။" ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာအား အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ၂၅၀ခန့် ပြာကျပျက်စီးခဲ့ပြီး အခြားကျေးရွာများကိုလည်း အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ပြောသည်။

ခင်ဦးမြို့နယ် ငါးတင်းကြီးရွာအား အကြမ်းဖက်စစ်ကောင်စီ၏တပ်သား ၈၀ခန့်က ဧပြီ ၃ရက် နံနက်၈နာရီအချိန်မှ စတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ကာ နံနက်၉နာရီ တစ်ကြိမ်၊နေ့လယ် ၁နာရီက တစ်ကြိမ် ၊နှစ်ကြိမ်မီးတင်ရှို့ခဲ့ရာ ည၈နာရီ အချိန်အထိ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ၂၅၀ခန့်အထိ ပြာကျပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ထို့အပြင် ကျေးရွာအတွင်းရှိ ဖမ်းဆီးခံရသော မိသားစုများအား နှိပ်စက်ပြီး ကြိုးတုပ်ထား ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် ငါးတင်းကြီးရွာမှ မီးရှို့ပြီး ပြန်အထွက်တွင် စိုင်ဂေါင်းရွာနှင့် အုန်းပင်ကုန်းရွာကြား၌ ပကဖအဖွဲ့နှင့် ဒေသခံကာကွယ်ရေးများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စိုင်ဂေါင်းကျေးရွာ စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသွားခဲ့ကြပြီး ယနေ့(ဧပြီ ၆ ရက်)နံနက်ပိုင်း
အုန်းပင်းကုန်းကျေးရွာရှိ​ ပြည်သူပိုင်နေအိမ် သုံးလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

“ခင်ဦးမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသော အိမ်ခြေပေါင်း၇၀၀ခန့်ရှိလာပြီ ဖြစ်သလို ဒေသခံ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ နေစရာ၊စားစရာ၊ဆေးဝါးကအစ အခက်အခဲဖြစ်နေပါတယ်။” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ယနေ့ နေ့လယ်ပိုင်းတွင်လည်း သကျင်စာသင်ကျောင်းထဲတွင် သိမ်းဆည်း ထားသော ပြည်သူပိုင် ပစ္စည်းများအား မီးရှို့ခဲ့ကာ သကျင် မြင်မွန် အရှေ့ဘက် အမှတ်သုံးလမ်းမဆီသို့ ဦးတည်ထွက်ခွာလာကြောင်း၊ထွက်ခွာရာ လမ်းကြောင်းတွင် စိုင်ဂေါင်းကျေးရွာမှ ဒေသခံ နှစ်ဦးအား ဓားစာခံ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook