Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီ၏တရားမဲ့ထင်ရာစိုင်းမှုအောက်တွင်မည်သူမျှလွယ်ကူမည်မဟုတ်ဟု ဦးမင်းကိုနိုင်သတိ​ပေး

‘မလုပ်ရဲတာဘာမှမရှိဘူး’ ဆိုသည့် စကားမှာ ‘ရမ်းချင်သလိုရမ်းမယ်’ ဟုလည်းအဓိပ္ပာယ်ရပြီး သူဌေးသူကြွယ်အပါအဝင် အလွှာအသီးသီးအပေါ် သက်ရောက်မှုရှိမည်ဟု ဦးမင်းကိုနိုင်က ဆက်ပြောသည်။

●အနာဂါတ်နိုင်ငံ​တော်အတွက်ပြည်ဝင်ခွင့်လက်မှတ်ဝယ်ရန်တိုက်တွန်း

အကြမ်းဖက်စစ်​ကောင်စီ၏ တရားမဲ့ထင်ရာစိုင်း အာဏာ ရှင်လက်အောက်တွင် မည်သူမျှလွယ်ကူမည်မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

လွန်ခဲ့သော နှစ် ၆၀ ကျော် သင်ခန်းစာအရ သူဌေးဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ မည်သူမျှ ပြေးမလွတ်ဘဲ မည်သူမျှ ဒုက္ခမရောက်နိုင်ဟု စိတ်ချမရကြောင်း ဦးမင်းကိုနိုင်ကယ​နေ့ သူ၏ ​ဖေစ်ဘွခ်စာမျက်နှာတွင်​ရေးသားထားသည်။

“ဘဏ်စာရင်းတွေချုပ်လိုက်ပြီ။လွှဲပြောင်းခွင့်ပိတ်လိုက်ပြီဆိုတာ၊မင်းငွေတွေမင်းမပိုင်တော့ဘူးလို့အဓိပ္ပါယ်ရပါတယ်။ ဒါနဲ့ပြီးမထင်ပါနဲ့။”ရှိသမျှဒေါ်လာလုယူရေးအော်ပရေးရှင်း”က အိမ်တိုင်ယာရောက် ကုမ္ပဏီရုံးခမ်းအရောက်door to door စံနစ်နဲ့ဝန်ဆောင်မှုပေးရန်အသင့်ပါ။ရုံးချိန်မက ၂၄နာရီအချိန်မရွေးပေးမှာ၊ဇွတ်ပေးမှာပါ။ငါ့မှာဒေါ်လာမရှိလို့ငါနဲ့အဝေးကြီးပါလို့ထင်ရင်လည်းတချက်ပြန်ကြည့်ပါဦး။မန္တလေးဗထူးကွင်းကသိန်းထောင်ချီတန်တဲ့ဆိုင်ခန်းတွေရာနဲ့ချီပြီးသိမ်းလိုက်တာကြည့်ပါ။ဂရမ်ပိုင်မြေပေါ်ကအိုးအိမ်တွေကိုဘူဒိုဇာနဲ့အထိုးခံလိုက်ရတာကိုဆင်ခြင်ပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်က​ပြောသည်။

Public Service Announcement

Public Service Announcement

‘မလုပ်ရဲတာဘာမှမရှိဘူး’ ဆိုသည့် စကားမှာ ‘ရမ်းချင်သလိုရမ်းမယ်’ ဟုလည်းအဓိပ္ပာယ်ရပြီး သူဌေးသူကြွယ်အပါအဝင် အလွှာအသီးသီးအပေါ် သက်ရောက်မှုရှိမည်ဟု ဦးမင်းကိုနိုင်က ဆက်ပြောသည်။

“ဝန်ထမ်းအစ လက်တွန်းလှည်းစျေးသည်အဆုံးလွတ်လမ်းမရှိတသက်တကျွန်းပါ။အရပ်သားပြည်သူ့အစိုးရလက်ထက်လိုကျူးကျော်တွေကိုတောင် Smart Card ထုတ်ပေးတဲ့စာနာမှုမျိုး အိပ်မက်မက်ဖို့နေနေသာသာ လူတောင်စိတ်ချလက်ချဘယ်အိပ်ရမလဲ။စစ်ကောင်စီပြောင်းဝရမ်းသမျှ အိပ်ဆေးမရှိဖြစ်ကြမြဲပါ” ဟု ၎င်းကဆက်လက်​ရေးသားထားသည်။

သို့သော် လက်ရှိအခြေအနေသည် စစ်ကောင်စီ အရေးသာနေခြင်းမဟုတ်ဘဲ ၎င်းတို့အချင်းချင်းအကြား မယုံကြည်မှုများဖြစ်ပေါ်နေကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

“တပ်ထဲဝင်သူမရှိတော့လို့ရှိတဲ့လူကိုပေးမထွက်။အသက်ပြည့်လည်းပေးမထွက်ပဲ ပင်စင်သက်ကို ခြောက်ဆယ့်နှစ်နှစ်အထိတိုးလိုက်တာသာကြည့်ပေရော့။ခြောက်ဆယ့်နှစ်နှစ်ပြည့်တော့ကော။သိတဲ့အတိုင်းပဲ၊လိုသလိုတိုးနေဦးမှာပဲ။ပြင်နေဦးမှာပဲ”ဟု​​ပြောသည်။

“သူတို့ထဲမှာလည်းသူ့မယုံကိုယ့်မယုံ။တနေ့တနေ့ဘယ်လိုလစ်ရမလဲဘယ်ကိုပြေးရမလဲ ၊ဒါပဲကြိတ်ကြိတ်တိုင်ပင်နေကြတာ” ဟု ဆက်ပြောသည်။

“ခုတပ်ထဲကိုကြည့်လိုက်ပါ။အိမ်ထောင်သည်တွေကိုသူ့မိသားစုနဲ့အတူဇာတိမိဘဆွေမျိုးများထံပြန်ခွင့်ပြုရဲသလားလို့မေးလိုက်ပါ။ဒါလေးပဲမေးလိုက်။စစ်တပ်ကြီးအတွက်မေး
ခွန်းသတ်ပြီလေ။သားရှင်ပြုတောင်ပြန်ခွင့်မရလို့ပေါက်ကွဲ
သံတွေကြားမှာပေါ့။ခုလူပျိုစစ်သားတောင်မှတ်ပုံတင်သိမ်းလိုက်ပါပြီဆိုနေမှ။ကိုယ့်လူကိုယ်ပြေးမယ်ချည်းထင်နေတာလက်ရှိစစ်တပ်ဘဝအမှန်ပါ”ဟုလည်း​ပြောသည်။

ပြည်သူ့တော်လှန်ရေးအပေါ်ရူးယောင်ဆောင်ရှောင်သူများအနေဖြင့် အသိတရား ဝင်သင့်ပြီဖြစ်ပြီး မိမိတို့အတွက် အာမခံချက်၊ မိသားစု၊မျိုးဆက်ဂုဏ်သိက္ခာ အနာဂတ်နိုင်ငံတော်အတွက်ပြည်ဝင်ခွင့်လက်မှတ်ဖြစ်သည့် ငွေတိုက်စာချုပ် Bond ဝယ်ရန် ဦးမင်းကိုနိုင်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံ၏ထောင်သက်အရှည်ဆုံးနိုင်ငံရေးသမားအဖြစ် ပြောစမှတ်တွင်ခဲ့သူတစ်ဦးရှိသည်။အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်ဖေဌေးဖြစ်သည်။စုစုပေါင်းထောင်သက်မှာ ၁၄ နှစ် ကျော်။ထောင်တင်မက ကျွန်းနှစ်ကျွန်းသို့ပါ ပို့ဆောင်ခြင်းခံရသူ။ သခင်ဖေဌေး၏ ထောင်တွင်းအစာငတ် ခံ တိုက်ပွဲအဆက်ဆက် ကိုရေတွက်လျှင်စုစုပေါင်း ၁၅၁ရက်ကြာအစာငတ်ခံတိုက်ပွဲဝင်ခဲ့သူ။ထို့ ကြောင့်ပင်သံမဏိအလံနီကြီးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

သတင်း

၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ကို ဦးမင်းကိုနိုင် ရရှိခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

မေးမြန်းခန်း

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ​ရွေး​ကောက်ပွဲက​နေ တက်လာတဲ့ စစ်တပ်လွှတ်​တော်က ဒီ​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ရွေးချယ်တင်​မြှောက်လိုက်တယ်လို့​ကြေညာပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်း​အောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်​ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။