Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်​ကောင်စီ၏တရားမဲ့ထင်ရာစိုင်းမှုအောက်တွင်မည်သူမျှလွယ်ကူမည်မဟုတ်ဟု ဦးမင်းကိုနိုင်သတိ​ပေး

‘မလုပ်ရဲတာဘာမှမရှိဘူး’ ဆိုသည့် စကားမှာ ‘ရမ်းချင်သလိုရမ်းမယ်’ ဟုလည်းအဓိပ္ပာယ်ရပြီး သူဌေးသူကြွယ်အပါအဝင် အလွှာအသီးသီးအပေါ် သက်ရောက်မှုရှိမည်ဟု ဦးမင်းကိုနိုင်က ဆက်ပြောသည်။

●အနာဂါတ်နိုင်ငံ​တော်အတွက်ပြည်ဝင်ခွင့်လက်မှတ်ဝယ်ရန်တိုက်တွန်း

အကြမ်းဖက်စစ်​ကောင်စီ၏ တရားမဲ့ထင်ရာစိုင်း အာဏာ ရှင်လက်အောက်တွင် မည်သူမျှလွယ်ကူမည်မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

လွန်ခဲ့သော နှစ် ၆၀ ကျော် သင်ခန်းစာအရ သူဌေးဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ မည်သူမျှ ပြေးမလွတ်ဘဲ မည်သူမျှ ဒုက္ခမရောက်နိုင်ဟု စိတ်ချမရကြောင်း ဦးမင်းကိုနိုင်ကယ​နေ့ သူ၏ ​ဖေစ်ဘွခ်စာမျက်နှာတွင်​ရေးသားထားသည်။

“ဘဏ်စာရင်းတွေချုပ်လိုက်ပြီ။လွှဲပြောင်းခွင့်ပိတ်လိုက်ပြီဆိုတာ၊မင်းငွေတွေမင်းမပိုင်တော့ဘူးလို့အဓိပ္ပါယ်ရပါတယ်။ ဒါနဲ့ပြီးမထင်ပါနဲ့။”ရှိသမျှဒေါ်လာလုယူရေးအော်ပရေးရှင်း”က အိမ်တိုင်ယာရောက် ကုမ္ပဏီရုံးခမ်းအရောက်door to door စံနစ်နဲ့ဝန်ဆောင်မှုပေးရန်အသင့်ပါ။ရုံးချိန်မက ၂၄နာရီအချိန်မရွေးပေးမှာ၊ဇွတ်ပေးမှာပါ။ငါ့မှာဒေါ်လာမရှိလို့ငါနဲ့အဝေးကြီးပါလို့ထင်ရင်လည်းတချက်ပြန်ကြည့်ပါဦး။မန္တလေးဗထူးကွင်းကသိန်းထောင်ချီတန်တဲ့ဆိုင်ခန်းတွေရာနဲ့ချီပြီးသိမ်းလိုက်တာကြည့်ပါ။ဂရမ်ပိုင်မြေပေါ်ကအိုးအိမ်တွေကိုဘူဒိုဇာနဲ့အထိုးခံလိုက်ရတာကိုဆင်ခြင်ပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်က​ပြောသည်။

Public Service Announcement

Public Service Announcement

‘မလုပ်ရဲတာဘာမှမရှိဘူး’ ဆိုသည့် စကားမှာ ‘ရမ်းချင်သလိုရမ်းမယ်’ ဟုလည်းအဓိပ္ပာယ်ရပြီး သူဌေးသူကြွယ်အပါအဝင် အလွှာအသီးသီးအပေါ် သက်ရောက်မှုရှိမည်ဟု ဦးမင်းကိုနိုင်က ဆက်ပြောသည်။

“ဝန်ထမ်းအစ လက်တွန်းလှည်းစျေးသည်အဆုံးလွတ်လမ်းမရှိတသက်တကျွန်းပါ။အရပ်သားပြည်သူ့အစိုးရလက်ထက်လိုကျူးကျော်တွေကိုတောင် Smart Card ထုတ်ပေးတဲ့စာနာမှုမျိုး အိပ်မက်မက်ဖို့နေနေသာသာ လူတောင်စိတ်ချလက်ချဘယ်အိပ်ရမလဲ။စစ်ကောင်စီပြောင်းဝရမ်းသမျှ အိပ်ဆေးမရှိဖြစ်ကြမြဲပါ” ဟု ၎င်းကဆက်လက်​ရေးသားထားသည်။

သို့သော် လက်ရှိအခြေအနေသည် စစ်ကောင်စီ အရေးသာနေခြင်းမဟုတ်ဘဲ ၎င်းတို့အချင်းချင်းအကြား မယုံကြည်မှုများဖြစ်ပေါ်နေကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

“တပ်ထဲဝင်သူမရှိတော့လို့ရှိတဲ့လူကိုပေးမထွက်။အသက်ပြည့်လည်းပေးမထွက်ပဲ ပင်စင်သက်ကို ခြောက်ဆယ့်နှစ်နှစ်အထိတိုးလိုက်တာသာကြည့်ပေရော့။ခြောက်ဆယ့်နှစ်နှစ်ပြည့်တော့ကော။သိတဲ့အတိုင်းပဲ၊လိုသလိုတိုးနေဦးမှာပဲ။ပြင်နေဦးမှာပဲ”ဟု​​ပြောသည်။

“သူတို့ထဲမှာလည်းသူ့မယုံကိုယ့်မယုံ။တနေ့တနေ့ဘယ်လိုလစ်ရမလဲဘယ်ကိုပြေးရမလဲ ၊ဒါပဲကြိတ်ကြိတ်တိုင်ပင်နေကြတာ” ဟု ဆက်ပြောသည်။

“ခုတပ်ထဲကိုကြည့်လိုက်ပါ။အိမ်ထောင်သည်တွေကိုသူ့မိသားစုနဲ့အတူဇာတိမိဘဆွေမျိုးများထံပြန်ခွင့်ပြုရဲသလားလို့မေးလိုက်ပါ။ဒါလေးပဲမေးလိုက်။စစ်တပ်ကြီးအတွက်မေး
ခွန်းသတ်ပြီလေ။သားရှင်ပြုတောင်ပြန်ခွင့်မရလို့ပေါက်ကွဲ
သံတွေကြားမှာပေါ့။ခုလူပျိုစစ်သားတောင်မှတ်ပုံတင်သိမ်းလိုက်ပါပြီဆိုနေမှ။ကိုယ့်လူကိုယ်ပြေးမယ်ချည်းထင်နေတာလက်ရှိစစ်တပ်ဘဝအမှန်ပါ”ဟုလည်း​ပြောသည်။

ပြည်သူ့တော်လှန်ရေးအပေါ်ရူးယောင်ဆောင်ရှောင်သူများအနေဖြင့် အသိတရား ဝင်သင့်ပြီဖြစ်ပြီး မိမိတို့အတွက် အာမခံချက်၊ မိသားစု၊မျိုးဆက်ဂုဏ်သိက္ခာ အနာဂတ်နိုင်ငံတော်အတွက်ပြည်ဝင်ခွင့်လက်မှတ်ဖြစ်သည့် ငွေတိုက်စာချုပ် Bond ဝယ်ရန် ဦးမင်းကိုနိုင်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူများက စစ်တပ်ပိုင်ထုတ်ကုန်များကို ဆန့်ကျင်သပိတ်မှာက်သဖြင့် ​ရောင်းအားကျဆင်းခဲ့သည်။ယခုအခါ စစ်​ကောင်စီက ​ဒေသအချို့တွင် စစ်တပ်ထုတ်ကုန်များကို ဝယ်၍ ​ရောင်းရန် ​ဈေးဆိုင်များကို ဖိအား​ပေးခြိမ်း​ခြောက်လာ​ကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

သတင်း

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

​NUG နှင့် KNU ၊ KIA တို့သည် စစ်​ရေးပူး​ပေါင်း​ဆောင်ရွက်​နေပြီး ကရင်နီ ၊ချင်းတိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အနည်းဆုံး တိူင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပူး​ပေါင်း​ဆောင်ရွက်​နေ​ကြောင်းလည်းနိူင်ငံတကာသို့​အသိ​ပေးထားသည်။