Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်ပစ်သည့်လက်နက်ကြီးကြောင့် လွိုင်ကော်ဒေသခံ အရပ်သား နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ဒဏ်ရာရသူလေးဦးတွင် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါဝင်သည်။ လေးဦးစလုံး လွိုင်ကော်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး နောက်ဆက်တွဲ အခြေအနေကို မသိရသေးဟု KNDFက ဆိုသည်။

လွိုင်ကော်မြို့ ပဒါးညေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က အသိပေးထုတ်ပြန်သည်။

ပဒါးညေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့(ဧပြီ ၆ရက်) ညနေတွင် လက်နက်ကြီးဖြင့် အပြင်းအထန်ပစ်ခတ်ခဲ့သည်ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။

“ရွာမှာ ထိတွေ့တိုက်ပွဲလည်းမရှိဘဲ ရမ်းပစ်တာ။အမျိုးသမီးနှစ်ယောက်သေဆုံး တယ်။ ဒီကောင်တွေ လူစိတ်မရှိတော့ဘူး”ဟု အထက်ပါရဲဘော်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ် ပစ်လိုက်သော လက်နက်ကြီးကျည်သည် ပဒါးညေးကျေးရွာရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် (၄၆)နှစ်အရွယ်နှင့် (၃၆)နှစ်အရွယ် အမျိုးသမီးနှစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး သွေးထွက်လွန် သေဆုံးခဲ့သည်ဟု ဒေသခံများ က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူလေးဦးတွင် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါဝင်သည်။ လေးဦးစလုံး လွိုင်ကော်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး နောက်ဆက်တွဲ အခြေအနေကို မသိရသေးဟု KNDFက ဆိုသည်။

အထက်ပါဖြစ်ရပ်အပြင် ဧပြီ၅ရက်တွင် KNDFတပ်ရင်း(၉) ရဲဘော်များက ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် အရပ်သားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းလည်း တွေ့ရှိခဲ့သည်။

အဆိုပါရုပ်အလောင်းမှာ လက်နောက်ပြန်ကြိုးတုတ်လျှက်အနေအထားနှင့် မီးရှို့ထားသည်ကို မြင်တွေ့ရပြီး ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း၊မြေပြင် အနေထားများကို စုံစမ်းမှုများပြုလုပ်နေကြောင်း KNDF တပ်ရင်း(၉)က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အင်အားအများအပြားတိုးထားပြီး အရပ်သားပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။