Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ပစ်သည့်လက်နက်ကြီးကြောင့် လွိုင်ကော်ဒေသခံ အရပ်သား နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ဒဏ်ရာရသူလေးဦးတွင် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါဝင်သည်။ လေးဦးစလုံး လွိုင်ကော်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး နောက်ဆက်တွဲ အခြေအနေကို မသိရသေးဟု KNDFက ဆိုသည်။

လွိုင်ကော်မြို့ ပဒါးညေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က အသိပေးထုတ်ပြန်သည်။

ပဒါးညေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့(ဧပြီ ၆ရက်) ညနေတွင် လက်နက်ကြီးဖြင့် အပြင်းအထန်ပစ်ခတ်ခဲ့သည်ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။

“ရွာမှာ ထိတွေ့တိုက်ပွဲလည်းမရှိဘဲ ရမ်းပစ်တာ။အမျိုးသမီးနှစ်ယောက်သေဆုံး တယ်။ ဒီကောင်တွေ လူစိတ်မရှိတော့ဘူး”ဟု အထက်ပါရဲဘော်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ် ပစ်လိုက်သော လက်နက်ကြီးကျည်သည် ပဒါးညေးကျေးရွာရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် (၄၆)နှစ်အရွယ်နှင့် (၃၆)နှစ်အရွယ် အမျိုးသမီးနှစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး သွေးထွက်လွန် သေဆုံးခဲ့သည်ဟု ဒေသခံများ က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူလေးဦးတွင် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါဝင်သည်။ လေးဦးစလုံး လွိုင်ကော်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး နောက်ဆက်တွဲ အခြေအနေကို မသိရသေးဟု KNDFက ဆိုသည်။

အထက်ပါဖြစ်ရပ်အပြင် ဧပြီ၅ရက်တွင် KNDFတပ်ရင်း(၉) ရဲဘော်များက ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် အရပ်သားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းလည်း တွေ့ရှိခဲ့သည်။

အဆိုပါရုပ်အလောင်းမှာ လက်နောက်ပြန်ကြိုးတုတ်လျှက်အနေအထားနှင့် မီးရှို့ထားသည်ကို မြင်တွေ့ရပြီး ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း၊မြေပြင် အနေထားများကို စုံစမ်းမှုများပြုလုပ်နေကြောင်း KNDF တပ်ရင်း(၉)က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အင်အားအများအပြားတိုးထားပြီး အရပ်သားပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook