Connect with us

Hi, what are you looking for?

News

မတူပီသို့ အင်အားဖြည့်လာသည့် စစ်ယာဉ်တန်းကို CDF တိုက်ခိုက်၍ စစ်ကောင်စီတပ်ငါးဦး ထပ်မံသေဆုံး

မတ်လ ၂၆ရက်မှ ဧပြီ ၇ရက်နေအထိ နှစ်ပတ်ခန့်အတွင်း မင်းတပ်နှင့် မတူပီ CDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း CDF တပ်ဖွဲ့များ၏ နေ့စဉ်သတင်းထုတ်ပြန်ချက်များ၌ တွေ့ရသည်။

ချင်းပြည်နယ် မတူပီမြို့နယ်သို့ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယနေ့နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန် သည်။

ယနေ့ (ဧပြီ ၇ရက်) နံနက် ၆နာရီ ၄၀မိနစ်မှစ၍ မတူပီမြို့နှင့် ၁၅မိုင်အကွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲ၌ မတူပီ CDF တပ်ဖွဲ့ဝင်များထိခိုက်ကျ ဆုံးမှု မရှိကြောင်း ထုတ်ပြန်သည်။

မတူပီ အခြေစိုက်စစ်ကောင်စီတပ်စခန်းများမှ မတူပီ – မင်းတပ်လမ်းပေါ်ရှိ ချန်ပြန်းရွာဟောင်းဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မတူပီ CDFသည် အဆိုပါယာဉ်တန်းကို သွားကြိုသည့် မတူပီ အခြေစိုက် စစ်ကောင်စီတပ်စစ်ကြောင်းကို မတ်လ ၃၀ရက်မှစတင် တိုက်ခိုက်ခဲ့ရာ ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၂၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

စစ်ကောင်စီတပ်များသည် မတူပီ – မင်းတပ် လမ်းပေါ်ရှိ ကျေးရွာ ၄ရွာကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း အဆိုပါ စစ်ယာဉ်တန်း မတူပီသို့ မဝင်ရောက်မီ မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ မကွေးတိုင်း ကျောက်ထုမှလာသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၆ရက်တွင် မင်းတပ်မှ မတူပီ သို့ ဆက်လက်ထွက်ခွာရာ မင်းတပ် CDFနှင့် မတူပီ CDFတို့က ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ မိုင် ၁၀၀ ကျော်သာဝေးသည့် အဆိုပါလမ်းပိုင်းကို ယနေ့( ဧပြီ ၇ရက်)နံနက်ပိုင်းထိ မရောက်နိုင်ဘဲ ဖြစ်နေသည်။

မတ်လ ၂၆ရက်မှ ဧပြီ ၇ရက်နေအထိ နှစ်ပတ်ခန့်အတွင်း မင်းတပ်နှင့် မတူပီ CDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း CDF တပ်ဖွဲ့များ၏ နေ့စဉ်သတင်းထုတ်ပြန်ချက်များ၌ တွေ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။