Connect with us

Hi, what are you looking for?

News

ရေစကြို ရဲစခန်းရှေ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ လက်ပါးစေ ​လေးဦးသေဟု PDF အသိ​ပေး

ရေစကြို PDFသည် ယနေ့ ​နေ့လယ် ၁နာရီခန့်က ရေလယ်ကျွန်းမှ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပခန်းငယ်ရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်သည်ဟု ဆိုသည်။

မ​ကွေးတိုင်း ရေစကြိုမြို့မရဲစခန်းရှေ့တွင် ယနေ့ (ဧပြီ ၇ရက်) ည ၈နာရီခန့်က စစ်ကောင်စီလက်ပါးစေများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)က အသိ​ပေးထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးတို့မှ ​လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရေစကြို PDFသည် ယနေ့ ​နေ့လယ် ၁နာရီခန့်က ရေလယ်ကျွန်းမှ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပခန်းငယ်ရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်သည်ဟု ဆိုသည်။

အလားတူ ယနေ့ နံနက် ၁၁နာရီခန့်ကလည်း ရေလယ်ကျွန်းမှပင်ပြန်လာသည့် စစ်ကောင်စီတပ်မှ ကား ၃စီးကို ဇီးကုန်းရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအများအပြားထိခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနေရာတွင် သေဆုံးခဲ့သည်ဟု ရေစကြို PDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်