Connect with us

Hi, what are you looking for?

News

အကြမ်းဖက်အဖွဲ့တွေကို ဆက်သွယ်ထောက်ပံ့ရင် ပြစ်မှုမြောက်တယ်လို့ ဘန်ကောက်က မြန်မာသံရုံးခြိမ်း ခြောက်

စစ်ကောင်စီဟာ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကိုအကြမ်းဖက်အဖြစ် စွပ်စွဲထားတာပါ။

People's Spring
People's Spring

ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဆက်သွယ်ထောက်ပံ့ရင် အကြမ်းဖက်ပြစ်မှုနဲ့ ငြိစွန်းတယ်လို့ ဘန်ကောက်က စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဟာ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကိုအကြမ်းဖက်အဖြစ် စွပ်စွဲထားတာပါ။

ဘန်ကောက်ကမြန်မာသံရုံးရဲ့ထုတ်ပြန်ချက်မှာဆိုရင် အကြမ်းဖက်အဖွဲ့တွေကို ဆက်သွယ်တာ ၊ ထောက်ပံ့ဖို့ ရန်ပုံငွေပွဲလုပ်တာ ၊ ငွေကြေးကောက်ခံနေတာတွေကို မလုပ်ကြဖို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီလုပ်ရပ်တွေကိုကျုးလွန်သူဟာ အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းတယ်လို့လည်းခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

သံရုံးရဲ့ဖေ့ဘွတ်ခ်ပေ့ချ်ကနေ ထုတ်ပြန်ထားတဲ့ အဲဒီထုတ်ပြန်ချက်အောက်မှာပဲ အကြမ်းဖက်အဖွဲ့ဟာ စစ်ကောင်စီသာ ဖြစ်ကြောင်း မှတ်ချက်တွေရေးသားထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တဲ့ ရထားရဲ့ စက်ခေါင်း မောင်းသူက မူးယစ်ဆေး သုံးစွဲလေ့ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာဒီနေ့(မေလ ၁၆ရက်) နေ့ခင်းပိုင်းက မက်ကဆန်ဘူတာအနီးမှာရထားနဲ့ ဘတ်စ်ကားတိုက်မိပြီး လူ ရှစ်ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။