Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုဂံ​​ညောင်ဦးနှင့် နွားထိုးကြီးတွင် သင်္ကြန်တွင်း စစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ပြည်သူများပါဝင်ပတ်သက်ခြင်းမပြုရန် ​ဒေသကာကွယ်​ရေးတပ်များ သတိ​ပေး

အကြမ်းဖက်စစ်ကောင်စီတပ်များရှိသောနေရာ မည်သည့်နေရာကိုမဆို အချိန်မရွေးတိုက်ခိုက်မှု ပြုလုပ်သွားမည်ဖြစ်သော​ကြောင့် ၎င်းတို့ရှိသောနေရာများကို ရှောင်ရှားကြပါရန် နွားထိုးကြီး PDFက မေတ္တာရပ်ခံသတိပေးသည်။

(ပုဂံ​ဒေသခံများ စစ်အာဏာရှင်ကျဆုံး​ရေး ကျိမ်စာရွတ်ဆိုဆန္ဒပြပွဲအား ၂၀၂၁ ​ဖေ​ဖော်ဝါရီ၁၈ရက်က ချီတက်လှည့်လည်​နေစဥ်၊ ဓာတ်ပုံ - ဝင်းမင်းဦး- ပုဂံ)

မန္တလေးတိုင်း၊ ပုဂံ၊ညောင်ဦးနှင့် နွားထိုးကြီးမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဟန်ပြအတုအယောင်သင်္ကြန်၌ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများအ​နေဖြင့် ၎င်းတို့နှင့် ပါဝင်ပတ် သက်ခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံ သတိပေးသည်။

ဟန်ပြသင်္ကြန်ကာလအတွင်း ပုဂံ၊ညောင်ဦးမြို့အတွင်း မြို့ပြစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ် ကြောင်း၊ ပုဂံညောင်ဦး မြို့သူမြို့သားများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၊ စစ်ကောင်စီထောက်တိုင်များ၊ စစ်ကောင်စီထောက်တိုင်များပိုင်ဆိုင်သော စားသောက်ဆိုင်၊ ဟိုတယ်၊ စတိုးဆိုင်များနှင့် အဝေးဆုံးမှာနေခြင်းဖြင့် ပါဝင်ကူညီပေးကြပါရန်၊ အကြိမ်ကြိမ်သတိပေးပြီးဖြစ်ကြောင်း၊ တားမြစ်သတိပေးထားသည့်ကြားမှ မလိုက်နာဘဲ တစ်စုံတစ်ခုဖြစ်ပါက အပြစ်မပြောကြရန် Bagan Ogre Force PDF အဖွဲ့က သတိပေးသည်။

(ပုဂံ​ဒေသခံများ စစ်အာဏာရှင်ကျဆုံး​ရေး ကျိမ်စာရွတ်ဆိုဆန္ဒပြပွဲအား ၂၀၂၁ ​ဖေ​ဖော်ဝါရီ၁၈ရက်က ချီတက်လှည့်လည်​နေစဥ်၊ ဓာတ်ပုံ – ဝင်းမင်းဦး- ပုဂံ)

“ယခုလို အချိန်အခါမျိုးသည် ပျော်ရပါးရမည့် အချိန်မဟုတ်ပါ။ အာဏာရူးတစ်သိုက်ကို အသက်နဲ့ရင်း တော်လှန်တိုက်ခိုက်နေသည့် အချိန်ဖြစ်သည်။ ပုဂံညောင်ဦးသို့ အပျော်အပါး ခရီးသွားလာနေကြသူများ ခင်ဗျားတို့ အသက်အန္တရာယ်ကို အာမခံမပေးပါ။ အခြေနေနဲ့ အချိန်အခါကို နားလည်ပါ။ ခင်ဗျားတို့အတွက်နဲ့ ကျွန်ုပ်တို့ မစ်ရှင်တွေ အပျက်အစီးခံမည်မဟုတ်ပါ။ လုပ်စရာရှိတာလုပ်မည်။ ဒလန်များ လူ့သက်တမ်းစေ့ နေချင်ရင် ကိုယ့်မိသားစုနဲ့ကိုယ် အေးဆေးနေပါ။ အာမချောင်ပါနဲ့။”ဟု Bagan Ogre Force PDF အဖွဲ့က ပြော သည်။

ထို့အပြင် ပုလင်းရွာ၊ အောင်ညဥ့်ရွာ၊ အင်တိုင်းရွာတို့မှ စစ်ကောင်စီသတင်းပေးသုံးဦးနှင့် မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးကိုလည်း Bagan Ogre Force PDF အဖွဲ့က သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အလားတူ နွားထိုးကြီးမြို့နယ်တွင်လည်း သင်္ကြန်ကာလရောက်ရှိတော့မည်ဖြစ်သဖြင့် နွားထိုးကြီးမြို့နယ်ရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရာ နေရာများနှင့် ရေသဘင်ပွဲများကို သွားရောက်၍ ပျော်ပါးခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ အနီးတစ်ဝိုက်တွင်ရှိသော မည်သည့်နေရာကိုမဆို နေထိုင်ခြင်း၊ ပျော်ပါးခြင်း၊ အသံချဲ့စက်များကို ကျယ်လောင်စွာဖွင့်၍ မူးရူးကခုန်ခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးကြောင်း၊ လာမည့်သင်္ကြန်ကာလသည် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးချ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မည်ဟု သတင်းရရှိသောကြောင့် အထူးဆင်ခြင်သွားလာနေထိုင်ကြရန် နွားထိုးကြီး PDF အဖွဲ့က သတိပေးသည်။

(ပုဂံ​ဒေသခံများ စစ်အာဏာရှင်ကျဆုံး​ရေး ကျိမ်စာရွတ်ဆိုဆန္ဒပြပွဲအား ၂၀၂၁ ​ဖေ​ဖော်ဝါရီ၁၈ရက်က ချီတက်လှည့်လည်​နေစဥ်၊ ဓာတ်ပုံ – ဝင်းမင်းဦး- ပုဂံ)

အကြမ်းဖက်စစ်ကောင်စီတပ်များရှိသောနေရာ မည်သည့်နေရာကိုမဆို အချိန်မရွေးတိုက်ခိုက်မှု ပြုလုပ်သွားမည်ဖြစ်သော​ကြောင့် ၎င်းတို့ရှိသောနေရာများကို ရှောင်ရှားကြပါရန် နွားထိုးကြီး PDFက မေတ္တာရပ်ခံသတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည့် လာမည့်မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအား တိုင်းပြည်အေးချမ်းနေသယောင်ပြသရန် ရေကစားမဏ္ဍပ်များအား ဆောက်လုပ်နေပြီး သင်္ကြန်ပွဲကျင်းပရန် စီစဥ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။