Connect with us

Hi, what are you looking for?

News

ပုဂံ​​ညောင်ဦးနှင့် နွားထိုးကြီးတွင် သင်္ကြန်တွင်း စစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ပြည်သူများပါဝင်ပတ်သက်ခြင်းမပြုရန် ​ဒေသကာကွယ်​ရေးတပ်များ သတိ​ပေး

အကြမ်းဖက်စစ်ကောင်စီတပ်များရှိသောနေရာ မည်သည့်နေရာကိုမဆို အချိန်မရွေးတိုက်ခိုက်မှု ပြုလုပ်သွားမည်ဖြစ်သော​ကြောင့် ၎င်းတို့ရှိသောနေရာများကို ရှောင်ရှားကြပါရန် နွားထိုးကြီး PDFက မေတ္တာရပ်ခံသတိပေးသည်။

(ပုဂံ​ဒေသခံများ စစ်အာဏာရှင်ကျဆုံး​ရေး ကျိမ်စာရွတ်ဆိုဆန္ဒပြပွဲအား ၂၀၂၁ ​ဖေ​ဖော်ဝါရီ၁၈ရက်က ချီတက်လှည့်လည်​နေစဥ်၊ ဓာတ်ပုံ - ဝင်းမင်းဦး- ပုဂံ)

မန္တလေးတိုင်း၊ ပုဂံ၊ညောင်ဦးနှင့် နွားထိုးကြီးမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဟန်ပြအတုအယောင်သင်္ကြန်၌ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများအ​နေဖြင့် ၎င်းတို့နှင့် ပါဝင်ပတ် သက်ခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံ သတိပေးသည်။

ဟန်ပြသင်္ကြန်ကာလအတွင်း ပုဂံ၊ညောင်ဦးမြို့အတွင်း မြို့ပြစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ် ကြောင်း၊ ပုဂံညောင်ဦး မြို့သူမြို့သားများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၊ စစ်ကောင်စီထောက်တိုင်များ၊ စစ်ကောင်စီထောက်တိုင်များပိုင်ဆိုင်သော စားသောက်ဆိုင်၊ ဟိုတယ်၊ စတိုးဆိုင်များနှင့် အဝေးဆုံးမှာနေခြင်းဖြင့် ပါဝင်ကူညီပေးကြပါရန်၊ အကြိမ်ကြိမ်သတိပေးပြီးဖြစ်ကြောင်း၊ တားမြစ်သတိပေးထားသည့်ကြားမှ မလိုက်နာဘဲ တစ်စုံတစ်ခုဖြစ်ပါက အပြစ်မပြောကြရန် Bagan Ogre Force PDF အဖွဲ့က သတိပေးသည်။

(ပုဂံ​ဒေသခံများ စစ်အာဏာရှင်ကျဆုံး​ရေး ကျိမ်စာရွတ်ဆိုဆန္ဒပြပွဲအား ၂၀၂၁ ​ဖေ​ဖော်ဝါရီ၁၈ရက်က ချီတက်လှည့်လည်​နေစဥ်၊ ဓာတ်ပုံ – ဝင်းမင်းဦး- ပုဂံ)

“ယခုလို အချိန်အခါမျိုးသည် ပျော်ရပါးရမည့် အချိန်မဟုတ်ပါ။ အာဏာရူးတစ်သိုက်ကို အသက်နဲ့ရင်း တော်လှန်တိုက်ခိုက်နေသည့် အချိန်ဖြစ်သည်။ ပုဂံညောင်ဦးသို့ အပျော်အပါး ခရီးသွားလာနေကြသူများ ခင်ဗျားတို့ အသက်အန္တရာယ်ကို အာမခံမပေးပါ။ အခြေနေနဲ့ အချိန်အခါကို နားလည်ပါ။ ခင်ဗျားတို့အတွက်နဲ့ ကျွန်ုပ်တို့ မစ်ရှင်တွေ အပျက်အစီးခံမည်မဟုတ်ပါ။ လုပ်စရာရှိတာလုပ်မည်။ ဒလန်များ လူ့သက်တမ်းစေ့ နေချင်ရင် ကိုယ့်မိသားစုနဲ့ကိုယ် အေးဆေးနေပါ။ အာမချောင်ပါနဲ့။”ဟု Bagan Ogre Force PDF အဖွဲ့က ပြော သည်။

ထို့အပြင် ပုလင်းရွာ၊ အောင်ညဥ့်ရွာ၊ အင်တိုင်းရွာတို့မှ စစ်ကောင်စီသတင်းပေးသုံးဦးနှင့် မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးကိုလည်း Bagan Ogre Force PDF အဖွဲ့က သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အလားတူ နွားထိုးကြီးမြို့နယ်တွင်လည်း သင်္ကြန်ကာလရောက်ရှိတော့မည်ဖြစ်သဖြင့် နွားထိုးကြီးမြို့နယ်ရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရာ နေရာများနှင့် ရေသဘင်ပွဲများကို သွားရောက်၍ ပျော်ပါးခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ အနီးတစ်ဝိုက်တွင်ရှိသော မည်သည့်နေရာကိုမဆို နေထိုင်ခြင်း၊ ပျော်ပါးခြင်း၊ အသံချဲ့စက်များကို ကျယ်လောင်စွာဖွင့်၍ မူးရူးကခုန်ခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးကြောင်း၊ လာမည့်သင်္ကြန်ကာလသည် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးချ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မည်ဟု သတင်းရရှိသောကြောင့် အထူးဆင်ခြင်သွားလာနေထိုင်ကြရန် နွားထိုးကြီး PDF အဖွဲ့က သတိပေးသည်။

(ပုဂံ​ဒေသခံများ စစ်အာဏာရှင်ကျဆုံး​ရေး ကျိမ်စာရွတ်ဆိုဆန္ဒပြပွဲအား ၂၀၂၁ ​ဖေ​ဖော်ဝါရီ၁၈ရက်က ချီတက်လှည့်လည်​နေစဥ်၊ ဓာတ်ပုံ – ဝင်းမင်းဦး- ပုဂံ)

အကြမ်းဖက်စစ်ကောင်စီတပ်များရှိသောနေရာ မည်သည့်နေရာကိုမဆို အချိန်မရွေးတိုက်ခိုက်မှု ပြုလုပ်သွားမည်ဖြစ်သော​ကြောင့် ၎င်းတို့ရှိသောနေရာများကို ရှောင်ရှားကြပါရန် နွားထိုးကြီး PDFက မေတ္တာရပ်ခံသတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည့် လာမည့်မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအား တိုင်းပြည်အေးချမ်းနေသယောင်ပြသရန် ရေကစားမဏ္ဍပ်များအား ဆောက်လုပ်နေပြီး သင်္ကြန်ပွဲကျင်းပရန် စီစဥ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။