စစ်ကိုင်းတိုင်း မုံရွာခရိုင် အမြင့်တိုက်နယ်ရဲကင်း စခန်းမှူးနှင့်တပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးနိုင်ခဲ့သည်။
အမြင့်ရဲကင်းမှုး ဒုရဲအုပ်မြတ်ဘုန်းကိုကိုနှင့်တပ်သားအောင်နိုင်ဌေးတို့ကို ဧပြီ ၉ရက်က လစာထုတ်ပြီးနေရပ်သို့ ပြန်လာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
“တရားဝင်သတင်းမထုတ်ပြန်သေးတဲ့အချိန်ဆိုတော့ အလုံးစုံပြောမရသေးဘူး။ဖမ်းဆီးခဲ့တာ တော့ဟုတ်တယ်”ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်မှုအရှိန်မြှင့်တင်မည်ဟု ကြေညာပြီးနောက် တွင် စစ်ကိုင်းတိုင်း ဘုတလင် ကူတော်ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယခုရက်ပိုင်းတွင် ဝင်ရောက်စီးနင်း နိုင်ခဲ့သည်။

Public Service Announcement
အလားတူ ပင်လည်ဘူးမြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီ တပ်စွဲထားသည့်နေရာများ ကို KIA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။


















































