Connect with us

Hi, what are you looking for?

News

PDF-CEU နှင့်ABSDF ပူး​ပေါင်းတပ်က စစ်​ကောင်စီရဲနှင့်ပျူစခန်းငယ်တစ်ခုကိုစီးနင်း၊လက်နက်ခဲယမ်းအချို့ရရှိ

​သေနတ် ၂ လက် ၊ဗုံးတစ်လုံးနှင့် ကျည်ဆန်များဖမ်းဆီးရမိသည်ကိုလည်းထုတ်ပြန်ထားသည်။

တပ်မတော်၊စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ PDF – CEU နှင့် ABSDF ပူးပေါင်း ‌ပြောက်ကျားတပ်ဖွဲ့တို့က ယနေ့( ဧပြီ၁၁) နံနက်အ​စောပိုင်းတွင် စစ်​ကောင်စီတပ်နှင့်ပျူ​စောထီး အင်အား၁၀ ဦးခန့်ရှိ​သောစခန်းကို ဝင်​ရောက်စီးနင်းခဲ့​ကြောင်း PDF-CEU ကထုတ်ပြန်သည်။

ယ​နေနံနက် ၁နာရီခွဲချိန်တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊မြို့သစ်မြို့နယ်ခွဲ၊ ထုံကတင် – တုံးမနလမ်းတလျှောက် ဆက်ကြေးကောက် သောင်းကျန်းနေသော စစ်​ကောင်စီရဲနှင့်ပျူစောထီး အင်အား ၁၀‌ဦးခန့်ရှိ​သော စခန်းတစ်ခုကို အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ရာရဲတစ်ဦးနှင့် ပျူတစ်ဦးထွက်ပြေးလွတ်မြောက်သွားပြီးကျန်သူများနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည်ဟု​ဖော်ပြထားသည်။

ထို့အပြင်စခန်းတွင်အရပ်သားအချို့ ​တွေ့၍ ၎င်းတို့အားလူထုကို အနိုင်ကျင့် ဆက်ကြေးကောက်နေသော စစ်​ကောင်စီတပ်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမလုပ်ကြရန်နောက်ဆုံးအကြိမ်သတိပေးပြောဆိုပြီးပြန်လွှတ်လိုက်သည်ဟုPDF – CEU သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။