Connect with us

Hi, what are you looking for?

LuduNwayOo

News

သဲကုန်းမြို့တွင် မိုင်းမ​တော်တဆမှုဖြင့် ဖမ်းဆီးခံရ​သည့် CDM ​ကျောင်းဆရာ ​ထောင်ဒဏ်နှစ် ၄၀ချမှတ်ခံရ

“အမိန့်ချတာကို မိသားစုက အခုအပတ်မှသိရတာ ။ မတ်လ ၂၅ ရက်ကတည်းက အမိန့်ချလိုက်တာ၊ ထောက်ပို့မှုနဲ့ ၁၀ နှစ် ၊ ဖောက်ခွဲမှု နဲ့ နှစ် ၃၀ ၊ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးတိုင်း သဲကုန်းမြို့နယ်၌ဖြစ်ခဲ့သည့် မိုင်းမတော်တဆမှုဖြင့် ဖမ်းဆီးခံထားရ​သော CDM ကျောင်းဆရာ ကိုဇင်လင်းထက်ကို အကြမ်းဖက်စစ်ကောင်စီက မတရားပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခဲ့သည်။

“အမိန့်ချတာကို မိသားစုက အခုအပတ်မှသိရတာ ။ မတ်လ ၂၅ ရက်ကတည်းက အမိန့်ချလိုက်တာ၊ ထောက်ပို့မှုနဲ့ ၁၀ နှစ် ၊ ဖောက်ခွဲမှု နဲ့ နှစ် ၃၀ ၊ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၆ ရက်က သဲကုန်းမြို့နယ် ဆင်တဲကုန်းကျေးရွာ၌ မိုင်းမတော်တဆမှုဖြစ်ပွားခဲ့ပြီး ပြစ်ဒဏ်ကျခံရသူကို ယင်းအချိန်ကတည်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းမတော်တဆမှုဖြစ်စဉ်၌ (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတစ်ဦးသည် စစ်ကြောရေး၌ အကြမ်းဖက်စစ်ကောင်စီက ဆေးကုသမပေးပဲ နှိပ်စက်ခဲ့သောကြောင့် ထပ်မံကျဆုံးခဲ့ရသည်။

“အခု ​ထောင်ချခံရတဲ့ဆရာက ပြည်ထောင်မှာ ညာဘက်လက်ကတော့ စတီးရိုးထည့်ထားပေမယ့် လက်က ကောက်နေတုန်းပဲ “ဟု အထက်ပါဒေသခံက ပြောသည်။