Connect with us

Hi, what are you looking for?

News

သဲကုန်းမြို့တွင် မိုင်းမ​တော်တဆမှုဖြင့် ဖမ်းဆီးခံရ​သည့် CDM ​ကျောင်းဆရာ ​ထောင်ဒဏ်နှစ် ၄၀ချမှတ်ခံရ

“အမိန့်ချတာကို မိသားစုက အခုအပတ်မှသိရတာ ။ မတ်လ ၂၅ ရက်ကတည်းက အမိန့်ချလိုက်တာ၊ ထောက်ပို့မှုနဲ့ ၁၀ နှစ် ၊ ဖောက်ခွဲမှု နဲ့ နှစ် ၃၀ ၊ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးတိုင်း သဲကုန်းမြို့နယ်၌ဖြစ်ခဲ့သည့် မိုင်းမတော်တဆမှုဖြင့် ဖမ်းဆီးခံထားရ​သော CDM ကျောင်းဆရာ ကိုဇင်လင်းထက်ကို အကြမ်းဖက်စစ်ကောင်စီက မတရားပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခဲ့သည်။

“အမိန့်ချတာကို မိသားစုက အခုအပတ်မှသိရတာ ။ မတ်လ ၂၅ ရက်ကတည်းက အမိန့်ချလိုက်တာ၊ ထောက်ပို့မှုနဲ့ ၁၀ နှစ် ၊ ဖောက်ခွဲမှု နဲ့ နှစ် ၃၀ ၊ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၆ ရက်က သဲကုန်းမြို့နယ် ဆင်တဲကုန်းကျေးရွာ၌ မိုင်းမတော်တဆမှုဖြစ်ပွားခဲ့ပြီး ပြစ်ဒဏ်ကျခံရသူကို ယင်းအချိန်ကတည်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းမတော်တဆမှုဖြစ်စဉ်၌ (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတစ်ဦးသည် စစ်ကြောရေး၌ အကြမ်းဖက်စစ်ကောင်စီက ဆေးကုသမပေးပဲ နှိပ်စက်ခဲ့သောကြောင့် ထပ်မံကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

“အခု ​ထောင်ချခံရတဲ့ဆရာက ပြည်ထောင်မှာ ညာဘက်လက်ကတော့ စတီးရိုးထည့်ထားပေမယ့် လက်က ကောက်နေတုန်းပဲ “ဟု အထက်ပါဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။