Connect with us

Hi, what are you looking for?

News

ရန်ကုန်သင်္ကြန်အကြိုနေ့တွင် သပိတ်အင်အားစုများက တော်လှန်ရေးလှုပ်ရှားမှုများ ပြုလုပ်

စစ်အုပ်စုအနေဖြင့် တိုင်းပြည်အခြေအနေကို ငြိမ်းချမ်းနေသယောင်၊ ၎င်းတို့အုပ်ချုပ်မှုကို လူအများမှလက်ခံထားသယောင် မည်မျှပင် ပြသလိုစေကာမူ တော်လှန်ပုန်ကန်နွယ်များအနေဖြင့် ၎င်းတို့၏ အဓမ္မအာဏာကို လက်ခံမည်မဟုတ်ကြောင်း ပြသသူပုန်ထခြင်း ဖြစ်ကြောင်း ​ဖော်ပြထားသည်။

ဓာတ်ပုံ - Youths Union

ရန်ကုန်မြို့ရှိ သပိတ်အင်အားစုများက တော်လှန်ရေးလှုပ်ရှားမှုအနေဖြင့် ယနေ့(ဧပြီ ၁၃ရက်) သင်္ကြန်အကြို နေ့တွင် မြို့နယ်များရှိ လမ်းမများပေါ်‌တွင် ဆေးနီပက်ဖျန်းခြင်းများ၊ ကားတာယာမီးရှို့ခြင်းများနှင့် ​တော်လှန်သင်္ကြန်ချီတက်ဆန္ဒပြခြင်းများလုပ်ဆောင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

“မြို့ဟာ သူရဲကောင်းတို့ရဲ့သွေးတွေနဲ့ ရဲနေဆဲပဲ၊ တော် လှန်ရေးမီးတောက်တွေ တောက်လောင်နေဆဲပဲ ” ခေါင်းစဥ်ဖြင့် ယခုလှုပ်ရှားမှု၏ ရည်ရွယ်ချက်သည် အကြမ်း ဖက်စစ်အုပ်စု၏ သင်္ကြန်အတွင်း စည်ကားသိုက်မြိုက်နေဟန် ပုံဖော်ကာ တိုင်းပြည်အခြေအနေကို တည်ငြိမ်နေသယောင် ဟန်ဆောင်လိုသည့် မျက်နှာဖုံးကို မြို့ပြတော်လှန်ရေးသမားများမှ ခွာချလိုခြင်းဖြစ်သည်ဟု ရန်ကုန်မြို့အင်အားစုများက ထုတ်ပြန်သည်။

စစ်အုပ်စုအနေဖြင့် တိုင်းပြည်အခြေအနေကို ငြိမ်းချမ်းနေသယောင်၊ ၎င်းတို့အုပ်ချုပ်မှုကို လူအများမှလက်ခံထားသယောင် မည်မျှပင် ပြသလိုစေကာမူ တော်လှန်ပုန်ကန်နွယ်များအနေဖြင့် ၎င်းတို့၏ အဓမ္မအာဏာကို လက်ခံမည်မဟုတ်ကြောင်း ပြသသူပုန်ထခြင်း ဖြစ်ကြောင်း ​ဖော်ပြထားသည်။

လမ်းမများပေါ်တွင် အနီရောင်များမြင်တွေ့ရခြင်းဖြင့် လူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသော ကျောင်းသားပြည်သူသူရဲကောင်းတို့အား အစဥ်အမြဲအမှတ်ရပြီး ပျော်ပွဲ၊ရွှင်ပွဲများအားကျောခိုင်းကာ တော်လှန်ရေးခရီးကြမ်းအား မမှတ်မသုန်ဆက်လျှောက်ကြရန် လူငယ်များသမဂ္ဂက တိုက်တွန်းလိုက်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Youths Union

စစ်ကောင်စီမှ ပုံဖော်လိုသည့် စည်ကားသိုက်မြိုက်နေသည့် ရေသဘင်ပွဲတော် ပုံရိပ်ယောင်ကို လမ်းများထက်တွင် မီးတောက်များ၊ မီးခိုးငွေ့များ၊ ဆေးနီရောင်များဖြင့် ရိုက်ချိုးဖျက်ဆီးနိုင်မည် ဟုတော်လှန်ရေးဘက်တော် သားများအနေဖြင့် ယုံကြည်ကြောင်း၊ လမ်းမထက်တွင်ပြန့်ကြဲနေသော မီးခိုးများ၊ ဆေးနီရောင်များသည် အဖက်ဖက်မှကျပ်တည်းကာ အကျဘက်သို့သာဦးတည်နေသော ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံး၏ ပကတိအခြေအနေကို ထင်ဟပ်စေကြောင်း လူငယ်များ သမဂ္ဂက ဖော်ပြထားသည်။

တော်လှန်ရေးဘက်တော်သား အများပြည်သူအနေဖြင့်လည်း စစ်အုပ်စု၏ သင်္ကြန်ကို ဝင်ရောက်ဆင်နွှဲမှုမပြုခြင်းဖြင့် သပိတ်မှောက်ကြခြင်းအပေါ် များစွာအားရမိကြောင်း၊ ပြည်သူအပေါင်းအနေဖြင့် ဆေးနီများပက်ဖြန်းခြင်း၊ အမှိုက်များလမ်းမထက်စုပုံခြင်း၊ သွန်ခြင်း၊ ဖွခြင်း၊ တာယာများမီးရှို့ခြင်း စသည်တို့အပြင် တော်လှန်မှု၊ ဖီဆန်မှုကိုပြသသော လှုပ်ရှားမှုများ၊ ပုံရိပ်များ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် စစ်အုပ်စု၏ အလိမ်အညာသင်္ကြန်ပုံရိပ်များကို ဖျက်ဆီးပစ်ကြရန်လည်း တော်လှန်ရေးအင်အားစုများမှ အလေးအနက်တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ – Youths Union

ယင်းလှုပ်ရှားမှု‌တွင် ပါဝင်သော တော်လှန်ရေးအဖွဲ့အစည်းများ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ – ရန်ကုန်)၊ Revolution Force (RF)၊ Yangon Revolution Force – YRF၊ တကသကျောင်းသားဟောင်းများအင်အားစု၊ LGBT Community Yangon၊ Youths Association Of Thingangyun၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ လူငယ်များ သမဂ္ဂ (Youths Union)၊ Labour Alliance တို့ဖြစ်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။