ဧပြီလ၈ ရက်နေ့ ည၁၂ နာရီ၃၀မိနစ်ခန့်ကစစ်ကိုင်းတိုင်းမုံရွာမြို့နယ်၊ ကျောင်းစုကျေးရွာ အတွင်း မွှေနှောက်ခဲ့ပြီး နေအိမ်တစ်လုံးအားမီးရှို့ ဖျက်ဆီးကာ ကားဖြင့်ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုက်ခိုက်ရာတွင်
ခွကားမှာနေရာတွင်အချိန်အနည်းငယ်ကြာရပ်တန့်သွားခဲ့ကြောင်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ကာမောင်းပြေးသွားပြီးအကြမ်းဖက်စစ်သားစစ်ခွေးများ (၂၀)ကျော်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည်ကျောင်းစုကျေးရွာကို ဧပြီလ ၈ရက်နေ့ည၈နာရီခွဲခန့်တွင် မုံရွာ-မန္တလေး အမြန်လမ်းမကြီးဘေး ကူတောပလ္လင်-ထနောင်းတောတောင်ရွာ ကျေးရွာချင်းဆက်လမ်းမှ ဝင်ရောက်ခဲ့ပြီးရွာအတွင်းဝင်ရောက်လာစဥ် မုံရွာ-အမြင့်လမ်းတစ်လျှောက်ဒေသခံ
PDFများကမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ထိုအပြင် စစ်ကောင်စီတပ်သားများက ကျောင်းစုကျေးရွာတွင် ပြည်သူပိုင် နေအိမ်တစ်လုံးကိုဝင်ရောက် မွှေနှောက်ဖျတ်စီးခဲ့ပြီးခြံဝင်းအတွင်းရှိသည့် တဲအိမ်နှစ်လုံးနှင့် အိမ်မကြီးတစ်လုံး၊ အိမ်တွင်းပစ္စည်းများနှင့် ဆိုင်ကယ်လေးစီးကို မီးရှို့သွားခဲ့သည်။
ထိုအပြင်ဒေသခံနှစ်ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်ပြီးမုံရွာ-နမခတပ်အတွင်းသို့ပြန်စဥ်မုံရွာ-အမြင့်လမ်းတစ်လျှောက်ဒေသတွင်း PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်ခဲ့ရာ မုံရွာ-အမြင့်လမ်းနံဘေးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း နှင့် နေအိမ်နှစ်လုံး၏ အိမ်ခေါင်မိုးများ ကျည်ဆံထိမှန်ခဲ့ကာ စစ်ကောင်စီဘက်က ပစ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည်လည်း မပေါက်ကွဲဘဲ ကျန်ရှိခဲ့တာကြောင့် ဒေသခံPDF တပ်ဖွဲ့တစ်ဖွဲ့မှ ဖျတ်ဆီး ရှင်းလင်းပေးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးကအသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်ညီနောင်များဖြစ်ကြသောMonywa Lightning PDF၊ Black Eagle People’s PDF Monywa ၊ဗန္ဓုလနှင့်အဖွဲ့သားများ LPDF ၊Monywa Peregrine PDF ၊Black Wolf Defence force တို့မှ ဦးဆောင်၍ အခြားသော မဟာမိတ်ညီနောင်များနှင့်အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။Chaung U Local Defence Force၊Chaung U Revolution Army ၊Farmers Revolution Force CHU ၊Dragon Brother’s PDF၊Monywa Brave Hearts MBH အဖွဲ့များကလည်းပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Monywa Lightning PDF အဖွဲ့ကအသိပေးသည်။

Public Service Announcement
သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ Monywa Lightning PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မုံရွာမြို့ပေါ်တွင် မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မြို့ပြပြောက်ကျားအဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်အား ပါဝင်ဆင်နွှဲခြင်းမပြုရန် တားမြစ်ထားပြီး ယမန်နေ့နေ့ခင်းပိုင်းကလည်း ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်မိသူအချို့လည်းရှိခဲ့သည်။


















































