Connect with us

Hi, what are you looking for?

News

မြစ်ကြီးနားမြို့ လမ်းလျှောက်သင်္ကြန် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ပွဲပျက်

ပစ်ခတ်မှုဖြစ်ပြီးနောက် စင်ပေါ်နှင့်စင်အောက်မှ လူအများအပြား ထွက်ပြေးကြကြောင်းနှင့် ပွဲလည်းပျက်သွားကြောင်း မြို့ခံများက ပြောသည်။

(မြစ်ကြီးနားမြို့ သင်္ကြန်တွင်​ နော​နော်သီဆို​နေသည်ကို စင်​အောက်ရှိ က​လေးနှစ်ဦးနှင့် လူကြီးသုံးဦး စုစု​ပေါင်း​ငါးဦးက အား​ပေးကခုန်​နေသည်ကို ​တွေ့ရစဥ်)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက ပြုလုပ်နေသည့်လမ်းလျှောက်သင်္ကြန်နေရာတွင် ယနေ့ သင်္ကြန်အကြတ်နေ့ ညနေက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးပွဲလည်း ပျက်သွားခဲ့သည်။

လမ်းလျှောက်သင်္ကြန် ပြုလုပ်နေသည့်မြစ်ကြီးနား မြို့ ပြည်သူ့အားကစားကွင်းတွင် ညနေ ၅နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

“လူအရမ်းစည်နေတဲ့အချိန် ကားတစ်စီးကရောက် လာပြီး သေနတ်တွေနဲ့ ပစ်တာ။ စစ်ခွေးတွေဘက်ကို ပစ်တာလို့ ပြောကြတယ်။ အထိအခိုက် ရှိမရှိတော့ မသိဘူး” ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

Public Service Announcement

ပစ်ခတ်မှုဖြစ်ပြီးနောက် စင်ပေါ်နှင့်စင်အောက်မှ လူအများအပြား ထွက်ပြေးကြကြောင်းနှင့် ပွဲလည်းပျက်သွားကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနားလမ်းလျှောက်သင်္ကြန်တွင် အဆိုတော် နောနော်နှင့် Lဆိုင်းဇီတို့က စစ်ကောင်စီအလိုကျလာရောက်ဖျော်ဖြေနေ၍ ကချင်တိုင်းရင်းသားများက ဝေဖန်းရှုတ်ချနေကြသည်။

“လူတကာ စိတ်ညစ်နေချိန် အော်ဟစ်ဆူညံနေကြတာ။ ဘယ်သူကမှ လာမပစ်ဘူးထင်နေတာ။အခုလို လာပစ်တော့ ဘယ်အဖွဲ့ကလာပစ်ပစ် ကျေးဇူးတင်တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။