Connect with us

Hi, what are you looking for?

News

မုံရွာမြို့ သင်္ကြန်အကြတ်နေ့တွင် ပြည်သူများအားစစ်ဆေးနေသော စစ်ကောင်စီတပ် ဗုံးခွဲတိုက်ခိုက်ခံရ

မြို့ပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ပေးရန်၊ Mission လုပ်နေချိန် ရပ်ကြည့်ခြင်း၊ ထွက်ကြည့်ခြင်းများ မလုပ်ကြရန်၊ Mission လုပ်နေချိန် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက အပြစ်မမြင်ကြစေရန် မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၂) တပ်ခွဲ – ၁ Monywa Ranger Group/Truth Army၏ တပ်စိတ် (၁) တို့က သတိပေးသည်။

ဓာတ်ပုံ - Chindwin Post

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ သင်္ကြန်အကြတ်နေ့တွင် ပြည်သူများအား စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးခွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် မုံရွာမြို့ တမာတန်းမီးပွိုင့်၌ စစ်ဆေးနေသော စစ်ကောင်စီတပ်များအား မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၂ ) တပ်ခွဲ – ၁၊ Monywa Ranger Group/Truth Army၏ တပ်စိတ် (၁)၊ Monywa Red Peacockမှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းက ထုတ်ပြန်သည်။

Public Service Announcement

မြို့ပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ပေးရန်၊ Mission လုပ်နေချိန် ရပ်ကြည့်ခြင်း၊ ထွက်ကြည့်ခြင်းများ မလုပ်ကြရန်၊ Mission လုပ်နေချိန် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက အပြစ်မမြင်ကြစေရန် မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၂) တပ်ခွဲ – ၁ Monywa Ranger Group/Truth Army၏ တပ်စိတ် (၁) တို့က သတိပေးသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းသို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ထို့အပြင် သင်္ကြန်အကြတ်နေ့တွင် မုံရွာမြို့အနှံ့ ဗုံးပေါက်ကွဲမှုများရှိနေပြီး စစ်ကောင်စီမှ ဆိုင်ကယ် နှစ်ယောက်စီးနင်းမှုများကို ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာလမ်းပိုင်း အခြေအနေများသတင်းပေးနေသည့် MRIက အသိပေးထားသည်။

သင်္ကြန်အကြို​နေ့တွင် အာဏာစစ်​ကောင်စီ၏ မဏ္ဍာပ်ဖွင့်ပွဲ၊ စစ်​ကောင်စီ၏ သင်္ကြန်ကို မုံရွာပြည်သူအများစုက ဝင်​ရောက်ပူး​ပေါင်းခြင်းမရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။