Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့ ရဲစခန်းနှင့် ကင်းစခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးဟုဆို

ဧပြီ၁၂ ရက် ညကလည်း ဒီပဲယင်းရဲစခန်းအတွင်းသို့ ဒေသတွင်းအခြေစိုက် ညီနောင်ဖိုက်တာ နှင့်White Bird အဖွဲ့ နှစ်ဖွဲ့မှ မိုင်းခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းထဲသို့ နှစ်လုံးကျ၍ စစ်သားနှစ်ဦးသေဆုံး ခဲ့သေးသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ရဲစခန်းနှင့် ကင်းစခန်းများကို လက်နက်ကြီးများဖြင့် ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးနိုင်ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)က အသိပေးထုတ်ပြန်သည်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)၊ တပ်ရင်း(၂)၊ ကျားလေးပြောက်ကျား စစ်သည်တော်များနှင့် ဒေသခံကာကွယ်ရေးမဟာမိတ် အဖွဲ့တို့ပူးပေါင်း၍ ရှော့တိုက်ဒုံးများ ၊ လက်လုပ်လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ အချိန်ကိုက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် အများအပြားသေဆုံးကြောင်း DRPAက အသိပေးသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်​၍ DRPA သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြား ခြင်းမရှိသေးပါ။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးသည်ဟု ဆိုထားပြီးအရေအတွက် အတိအကျမသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧပြီ၁၂ ရက် ညကလည်း ဒီပဲယင်းရဲစခန်းအတွင်းသို့ ဒေသတွင်းအခြေစိုက် ညီနောင်ဖိုက်တာ နှင့်White Bird အဖွဲ့ နှစ်ဖွဲ့မှ မိုင်းခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းထဲသို့ နှစ်လုံးကျ၍ စစ်သားနှစ်ဦးသေဆုံး ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။