Connect with us

Hi, what are you looking for?

News

ပြင်ဦးလွင်တွင် ပျော်ပါးနေသည့်ပြည်သူများကို ထိခိုက်မည်စိုး၍ Mission ဖျက်ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ

ထို့အပြင် ပြည်သူ့တော်လှန်ရေးသမားများမှ Mission များ ပြုလုပ်ပြီးသည်ရှိသော် အနီးပတ်ဝန်း ကျင်ရှိ ပြည်သူများအနေဖြင့် မိမိနေအိမ် ၊မိမိရုံး၊ မိမိပိုင်ဆိုင်သောအဆောက်အအုံများ၌ CCTVများတပ်ဆင်ထားပါက အမြန်ဆုံးဖြုတ်ပေးထားကြပြီး ပြည်သူအချင်းချင်းပူးပေါင်းကူညီကြပါရန် ထပ်မံ နှိုး​ဆော်ထားသည်။

ဓာတ်ပုံ - မေမြို့ ပင်မသပိတ်အ​ထွေ​ထွေအင်အားစု

ပြင်ဦးလွင်မြို့တွင် ပျော်ပါးနေသည့် ပြည်သူများကို ထိခိုက်မည်စိုး၍ Mission ဖျက်ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်စစ်ကောင် စီက ဖမ်းဆီးခဲ့ကြောင်း May Myo Revolution Urban Guerrilla (MMRUG)က သတင်းထုတ်ပြန်သည်။

“ယနေ့ MMRUG အဖွဲ့မှ ရဲဘော်နှစ်ဦး Mission လုပ် ဆောင်ရာတွင် မိဘပြည်သူများ ပျော်ပါးနေခြင်းကို ထိခိုက်နစ်နာမှုများမဖြစ်စေလိုသောကြောင့် Mission ဖျက်၍ ပြန်ဆုတ်ရာတွင် စခများဆွဲခြင်းခံခဲ့ရပါသည်။ဤဖြစ်ရပ်ကြောင့် မိမိတို့အဖွဲ့ဘက်မှ များစွာထိခိုက်နစ်နာမှုများရှိခဲ့ပါသည်”ဟု အသိ​ပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ဘက်ဆိုင်ရာပစ်မှတ်နေရာများကို အထူးရှောင်ရှားရန်နှင့် ၎င်းတို့အဖွဲ့၏ Missionလုပ်ဆောင်၍ ထိခိုက်မှုရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

“မေမြို့တွင်လာရောက်လည်ပတ်နေကြတေ့ာ မိဘပြည်သူများအား အထူးသတိပေးပါရစေ။ ယခုရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လမ်းမတန်းများ လမ်းဆုံများ၌ ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည့်အတွက် မိမိကား မိမိဆိုင်ကယ်မှ အစစ်အဆေးများ ကျော်ဖြတ်ခဲ့သည်ရှိသော် မျက်နှာ ချင်းဆိုင်ယာဉ်များရှေ့တွင် စစ်ဆေးရေးရှိသည်ကို သတိပြုမိကြစေရန်အတွက် ပြည်သူများမှ ကားမီးထိုးအချက်ပြခြင်း ဟွန်းတီးခြင်းများပြုလုပ်ခြင်းဖြင့် တော်လှန်ရေးအဖွဲ့များ သတိပြုမိကြစေရန် ပြည်သူမှ ပြည်သူသို့ scout ပြုလုပ်ခြင်းဖြင့် ပူးပေါင်းကူညီပေးကြပါရန်နှင့် ရဲဘော်များ မှ ဆုတ်ခွါချိန်တွင် အချက်ပြတွန်းတီး၍ လမ်းတောင်းပါကလဲ အမြန်ဆုံး လမ်း ကြောင်းရှင်းပေးကြပါရန် ထပ်မံ၍အသိပေးတောင်းဆိုအပ်ပါသည်။”ဟု ​မေမြို့ ပင်မသပိတ်အ​ထွေ​ထွေအင်အားစုက အသိပေးနှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့တော်လှန်ရေးသမားများမှ Mission များ ပြုလုပ်ပြီးသည်ရှိသော် အနီးပတ်ဝန်း ကျင်ရှိ ပြည်သူများအနေဖြင့် မိမိနေအိမ် ၊မိမိရုံး၊ မိမိပိုင်ဆိုင်သောအဆောက်အအုံများ၌ CCTVများတပ်ဆင်ထားပါက အမြန်ဆုံးဖြုတ်ပေးထားကြပြီး ပြည်သူအချင်းချင်းပူးပေါင်းကူညီကြပါရန် ထပ်မံ နှိုး​ဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook