Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံရေးတွင် စစ်တပ်ဝင်မစွက်ရေးနှင့် စစ်ရာဇဝတ်ကျူးလွန်ခဲ့သူများ ပြည်သူ့တရားစီရင်မှုလိုက်နာနိုင်မှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသွားရာလမ်း အဖြေရမည်ဟု NUG အသိပေး

ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူကာကွယ်ရေးတပ်မ တော် (PDF) ၊ဒေသတော်လှန်ရေးအဖွဲ့အစည်း (LDF)များ၊ တိုင်းရင်းသားအင်အားစု (EAOs, EROs) အဖွဲ့အစည်းများအားလုံး၏ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးဧရိယာ၏ (၅၀) ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်သည်သည်ဟု NUGက ထုတ်ပြန်ထားသည်။

(NUG အစိုးရအား ​ထောက်ခံ​ကြောင်း မြင်းခြံမြို့ခံအချို့က ဧရာဝတီမြစ်တစ်​နေရာတွင် ဆန္ဒပြ​နေသည်ကို ၂၀၂၁​မေလ ၇ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မြန်မာနိုင်ငံရေးတွင် မည်သည့်အခါမှ စစ်တပ်ဝင်မစွက်ရေးမူလက်ခံပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများပြည်သူ့တရားစီရင်မှု လိုက်နာနိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သွားရာလမ်းအတွက် အဖြေရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်၌ အသိပေးထားသည်။

ယင်းသတင်းထုတ်ပြန်ချက်၌ ကဏ္ဍအလိုက်ဆောင်ရွက်ချက်များကို ဖော်ပြထားရာ နိုင်ငံရေးနှင့် အသွင်ကူး ပြောင်းရေးကဏ္ဍ တွင် အထက်ပါအချက်ကို ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့တော်လှန်ရေးကို အထိအခိုက်နည်းစွာဖြင့် အောင်မြင်ပြီးမြောက်လိုသူများအနေဖြင့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေအား တရားသေကိုင်စွဲထားခြင်းကို စွန့်လွှတ်ပြီး မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရဟူသည့်မူကို လက်ခံကာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ သူများသည်လဲ တာဝန်ယူမှုတာဝန်ခံမှု အပြည့်ဖြင့် ပြည်သူ့တရားစီရင်မှုကို လိုက်နာဆောင်ရွက်နိုင်မှ သာလျှင် ပြည်သူလူထုလိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ သွားရောက်မည့် လမ်းကြောင်းအတွက် အဖြေတစ်ခုရရှိနိုင်မည်ဖြစ်ကြောင်းသိစေအပ်ပါသည်”ဟု NUGက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အတွက် တရားမျှတမှု ပြန်လည်ဖေါ်ဆောင်ရေးနှင့် တာဝန်ခံမှု ရရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အင်အားစု(၅)စုပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ကဦးဆောင်၍ ပြည်သူ့ညီလာခံခေါ်ယူကာ အတည်ပြုခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်းသည်သာ မိမိတို့ရှေ့ဆက်ရမယ့် လမ်းကြောင်းတစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြသည်။

NUG ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်တွင် နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ ၊ လူမှုရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူသားချင်းဆိုင်ရာအကူအညီများကဏ္ဍ၊ စစ်ရေး၊ ပြည်သူ့လုံခြုံရေး၊ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍ၊ – စီးပွါးရေး၊ ဘဏ္ဍာရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍတို့နှင့် ပတ်သက်ပြီးလည်း အသေးစိတ်ရှင်းလင်းခဲ့သည်။

စစ်ရေး၊ ပြည်သူ့လုံခြုံရေး၊ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍ အတွက် တစ်နှစ်တာအတွင်း မဟာမိတ်လက်နက်ကိုင် အင်အားစု အသီးသီးနှင့် ညှိနှိုင်းပူးပေါင်း၍ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Centeral Command and Coordination Committee) အား ဖွဲ့စည်းခဲ့ပြီး ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ်အား ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း အသိပေးထားသည်။

တစ်နှစ်တာကာလအတွင်း PDF တပ်ရင်းတပ်ဖွဲ့ ရာဂဏန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့စည်းပြီးဖြစ်ကာ MOD နှင့် ချိတ်ဆက် ထားပြီးဖြစ်သည့် ဒေသတော်လှန်ရေးအဖွဲ့အစည်း(LDF) ၃၅၄ဖွဲ့ အနက် ၁၀၀ ကျော်အား ဝန်ကြီးဌာနလက်အောက် တပ်ရင်းတပ်ဖွဲ့များတွင် ပေါင်းစပ် ဖွဲ့စည်းပြီးဖြစ်သည်ဟုဆိုသည်။

ဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားပြီးသော တပ်ရင်းတပ်ဖွဲ့များ အားလုံးသည် စစ်ရေးဆိုင်ရာကျင့်ဝတ်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရေး ကွပ်ကဲလျက်ရှိပြီး လိုက်နာခြင်း မရှိသည့် ကိစ္စရပ်များပေါ်ပေါက်ပါကလဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူကာကွယ်ရေးတပ်မ တော် (PDF) ၊ဒေသတော်လှန်ရေးအဖွဲ့အစည်း (LDF)များ၊ တိုင်းရင်းသားအင်အားစု (EAOs, EROs) အဖွဲ့အစည်းများအားလုံး၏ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးဧရိယာ၏ (၅၀) ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်သည်သည်ဟု NUGက ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများ၏ အရေးကိစ္စများကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ပြည်သူ့ရင်ခွင် သို့ဝင်ရောက်လာသူ (တပ်နှင့်ရဲ) စုစုပေါင်း ၁၀,၀၀၀ ခန့်ရှိကြောင်း၊ ဆက်သွယ်လာသူများကို စိစစ်ကာ CDM code များ၊ Pre CDM Code များ ထုတ်ပေးလျက်ရှိကြောင်း ဖော်ပြ သည်။

အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး၊ အာဏာ ရှင်စနစ် အဆုံးသတ်နိင်ရေး စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ အပါအဝင် လူမှုရေး၊ အသွင်ကူးပြောင်းရေး ကိစ္စများအတွက် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မဟာမိတ်ဆက်ဆံရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေကြောင်းလည်း အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။