Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့နယ် ကျင်းရွာရဲစခန်းကို ထီးလင်းPDF သိမ်းပိုက်၊ စခန်းမှူး​သေဆုံး

ထီးလင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ယောဒေသကာကွယ်ရေးတပ်(YDF)တို့က စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်

မကွေးတိုင်း၊ထီးလင်းမြို့နယ် ကျင်းကျေးရွာရဲစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှူးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးလင်း) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ယနေ့(ဧပြီ ၁၇ ရက်) နံနက်ပိုင်းတွင် ကျင်းစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်မှုသည် ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊လောင်းရှည်၊ကျောက်ထု) တွင် ပထမဆုံးအောင်ပွဲ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က နေ့လည် (၁)နာရီခန့်တွင် Mi35ဖြင့် လာရောက်ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များဘေးကင်းစိတ်ချရသည့် အခြေအနေသို့ ရောက်ရှိပြီဟု အထက်ပါတာဝန်ရှိသူက အတည်ပြုသည်။

“ဝင်သိမ်းနိုင်ခဲ့တာ အတည်ပြုပါတယ်။မကြာခင် သက်ဆိုင်ရာ တပ်ဖွဲ့က သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထီးလင်း​ဒေသရှိ အခြား PDF မှတာဝန်ရှိသူတစ်ဦးကလည်း“စခန်းသိမ်းတယ်ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ သတင်းကြားထားတာက စခန်းမှူးအသစ်ရောက်လာတာ။ အရင်ကတော့ သူတို့က ညှိနှိုင်းပြီးနေနေကြတာ PDFနဲ့ ကျင်းစခန်းနဲ့က။ အခုကတော့ စခန်းမှူးအသစ် ရောက်လာလို့ ညှိနှိုင်းမှု မရလို့ သိမ်းလိုက်တဲ့ သဘောလို့ ပြောတယ်” ဟု ​ပြောသည်။

ယ​နေ့(ဧပြီ ၁၇ရက် )နံနက် ၁၁နာရီ ၄၅ မှစ၍ အင်အား ၁၇ဦးခန့်ရှိ ကျင်းရဲစခန်းကို ထီးလင်း PDFက ဝင်သိမ်းရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“စခန်းမှူးကျသွားတယ်လို့ ကြားတယ်။အတည်တော့ မပြုရသေးဘူး။ ကျန်တဲ့ ရဲတွေကတော့ ပူးပေါင်းဖို့များပါတယ်။ အရင်ကတိုင် သူတို့က ညှိနှိုင်းမှုတွေရှိပြီးသားဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူလာရောက်သော်လည်း အနည်းငယ်သာ ပစ်ခတ်ပြီး ပြန်သွားသည်ဟုဆိုသည်။ PDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမကြားရဟုလည်း ၎င်းကဆက်ပြောသည်။

ထီးလင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ယောဒေသကာကွယ်ရေးတပ်(YDF)တို့က စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်

ယမန်နေ့ကလည်း ထီးလင်းမြို့နယ် ဆေးမင်းတောကျေးရွာ ရဲစခန်းကို အလစ်ငိုက် ဝင်တိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲ​လေးဦးသေဆုံးကြောင်း YDF(ထီးလင်း)က ထုတ်ပြန်ထားသည်။

ရဲနှင့် စစ်သားများအနေဖြင့် အာဏာရူးမင်းအောင်လှိုင် ၏အသက်၊အိုးအိမ်၊စည်းစိမ်ကိုကာကွယ်ရင်း ပြည်သူများ၏မုန်းတီးမှုကို ခါးစည်းခံမည့်အစား CDM လုပ်၍ပြည်သူ့ရင်ခွင်ခိုလှုံကာ တရားဓမ္မဘက်မှရပ်တည်ရန် အမှားကို မြင်၍ အမှန်ဘက် ရပ်တည်ရန် ထီးလင်း YDFက တိုက်တွန်းပြီး မည်သည့်ရဲသား၊စစ်သားကိုမဆို အချိန်မရွေး နွေးနွေးထွေးထွေးကြိုဆိုကာ လွတ်မြောက်နယ်မြေများသို့ တာဝန်ယူပို့ဆောင်ပေးမည်ဟု ကတိပြုသည်။

ထို့အပြင် လက်နက်၊ခဲယမ်း(Equipment) အပြည့်အစုံဖြင့်အလင်းဝင်လာပါက ဆုကြေးငွေကျပ်သိန်း(၅၀)ချီးမြှင့်သွားမည်ဟု ထီးလင်း YDFက ထုတ်ပြန်ခဲ့ပြီး CDM လုပ်လိုသူရဲသား၊စစ်သားများအနေဖြင့် 09-404418991၊ 09-449624480 သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။