Connect with us

Hi, what are you looking for?

News

ကျောက်ထုအမြောက်တပ်နှင့် ရဲစခန်းအား PDF ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက် ၊ ရဲနှင့်စစ်သားများ သေဆုံးထိခိုက်များနိုင်ဟု ထုတ်ပြန်

လက်နက်ကြီးများစွာ ကျရောက်ပေါက်ကွဲခဲ့သည့် ရဲစခန်း၌အသေအပျောက်များနိုင်ကြောင်း၊ လက်ရှိအချိန်ထိ ရဲစခန်းနားသို့ မည်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ၎င်းကဆိုသည်။

(The Youth Force (saw & kyaukhtu)တပ်ဖွဲ့ဝင်အချို့)

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့ရှိ စစ်ကောင်စီ အမြောက်တပ် နှင့် ရဲစခန်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ညပိုင်းတွင် တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာရဲနှင့်စစ်သားများသေဆုံးထိခိုက်များနိုင်ကြောင်း ကျောက်ထု PDFက သတင်းထုတ်ပြန်သည်။

ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ည ၁၁နာရီခွဲခန့်တွင် ကျောက်ထုအမြှောက်တပ် နှင့်လေတပ်အတွင်းသို့ ကျောက်ထု PDF နှင့် The Youth Force (saw & kyaukhtu) ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ၁၀ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်း၌ပင် ကျောက်ထုရဲစခန်းအား ကျောက်ထု PDF နှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့ တို့မှ လက်နက်ကြီးဖြင့် ၂၇ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းသို့ လက်နက်ကြီး အချက်(၂၀ ) ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။ လက်နက်ငယ်များဖြင့်လည်း ၁နာရီခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“အရင်တစ်နေ့က PDF သင်တန်းဆင်းပွဲရှိတယ်။ အဲဒါကို သူတို့ က လှမ်းပြီး အမြောက်နဲ့ထုတာ။ အဲဒါ သင်တန်းဆင်းပွဲ မလုပ်ဘဲ သိမ်းလာခဲ့တာ မနေ့ညက လက်စားချေတာပေါ့” ဟု ဆောမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

လက်နက်ကြီးများစွာ ကျရောက်ပေါက်ကွဲခဲ့သည့် ရဲစခန်း၌အသေအပျောက်များနိုင်ကြောင်း၊ လက်ရှိအချိန်ထိ ရဲစခန်းနားသို့ မည်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် ကျောက်ထု PDFမှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီ လက်ပါးစေစစ်သားနှင့် ရဲများဘက်ကလည်း ထိခိုက်ကျဆုံးမှုများနိုင်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကျောက်ထု PDFက သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီး ၁၀မိနစ်ခန့်အကြာတွင် လေယာဉ်တစ်စီး ဝဲပြန်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် စစ်သား၊ရဲများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ၎င်းတို့နှင့် အနီးကပ်သွား လာနေထိုင်ခြင်းများ မပြုရန် အထူးမေတ္တာရပ်ခံကြောင်းလည်း ကျောက်ထု PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook