Connect with us

Hi, what are you looking for?

LuduNwayOo

News

သပိတ်စစ်​ကြောင်း လုံခြုံရေးပွိုင့်ကင်းတာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲဘော်ငါးဦးအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ချောင်းဦး PDF ထုတ်ပြန်

ကျဆုံးသွားသောရဲဘော်ငါးဦးမှာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဇွဲမာန်အောင် ( CDM ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂ ) ၊ရဲဘော် မင်းသန့်ကျော်၊ရဲဘော် ရာဇာထွန်း၊ရဲဘော် နိုင်ဝဏ္ဏနှင့်ရဲဘော် မင်းခန့် (ခ) မိုးဒီတို့ဖြစ်သည်။

(ယ​နေ့ နံနက်က မုံရွာပင်မသပိတ်စစ်​ကြောင်း ချီတက်ဆန္ဒပြ​နေစဥ်)

မုံရွာပင်မသပိတ်စစ်ကြောင်းလုံခြုံရေးအတွက် ပွိုင့်ကင်းတာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲဘော်ငါးဦးအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၇ ရက်) နှစ်ဆန်းတစ်ရက်​နေ့ နံနက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့၌ PDFများဝန်းရံကာ ပြုလုပ်ခဲ့သည့် လူထုသပိတ်အား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပွိုင့်ကင်းတာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် အဆိုပါ ကင်းပွိုင့်အား ဒလန်သတင်းပေးမှုဖြင့် ပျူစောထီးများရောက်ရှိလာပြီး PDF ငါးဦးအား အရှင်ဖမ်းပြီးနောက် သတ်ဖြတ်လိုက်သည်ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

ကျဆုံးသွားသောရဲဘော်ငါးဦးမှာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဇွဲမာန်အောင် ( CDM ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂ ) ၊ရဲဘော် မင်းသန့်ကျော်၊ရဲဘော် ရာဇာထွန်း၊ရဲဘော် နိုင်ဝဏ္ဏနှင့်ရဲဘော် မင်းခန့် (ခ) မိုးဒီတို့ဖြစ်သည်။

“ဒလန်က ဒုက္ခပေးသွားတာ မြင်ကြပြီမဟုတ်လား” ဟု ရဲဘော်ရဲဘက်ငါးဦးကျဆုံးခဲ့ရသည့်အပေါ် ချောင်းဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသော ရဲဘော်ငါးဦးသည် စစ်အာဏာ ရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိသားစုနှင့်ထပ်တူ ထပ်မျှဆို့နင့်ကြေကွဲဝမ်းနည်းရပါသည်ဟု ထုတ်ပြန်ထားသည်။

“ကျဆုံးအာဇာနည်ရဲဘော်များဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူကျွန်ုပ်တို့ရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်”ဟု ချောင်းဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ ပြုလုပ်သည့် မုံရွာလူထုသပိတ်တွင် “နှစ်သစ်မှာ အားသစ်လောင်း၍ နိုင်ငံသစ်ကို ရဲရဲတည် ဆောက်ကြ” “ပြည်သူလူထု ပေါင်းစုအားဖြင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ကြ”ဟု လူထုကကြွေးကြော်ချီတက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။