Connect with us

Hi, what are you looking for?

News

သပိတ်စစ်​ကြောင်း လုံခြုံရေးပွိုင့်ကင်းတာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲဘော်ငါးဦးအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ချောင်းဦး PDF ထုတ်ပြန်

ကျဆုံးသွားသောရဲဘော်ငါးဦးမှာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဇွဲမာန်အောင် ( CDM ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂ ) ၊ရဲဘော် မင်းသန့်ကျော်၊ရဲဘော် ရာဇာထွန်း၊ရဲဘော် နိုင်ဝဏ္ဏနှင့်ရဲဘော် မင်းခန့် (ခ) မိုးဒီတို့ဖြစ်သည်။

(ယ​နေ့ နံနက်က မုံရွာပင်မသပိတ်စစ်​ကြောင်း ချီတက်ဆန္ဒပြ​နေစဥ်)

မုံရွာပင်မသပိတ်စစ်ကြောင်းလုံခြုံရေးအတွက် ပွိုင့်ကင်းတာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲဘော်ငါးဦးအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၇ ရက်) နှစ်ဆန်းတစ်ရက်​နေ့ နံနက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့၌ PDFများဝန်းရံကာ ပြုလုပ်ခဲ့သည့် လူထုသပိတ်အား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပွိုင့်ကင်းတာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် အဆိုပါ ကင်းပွိုင့်အား ဒလန်သတင်းပေးမှုဖြင့် ပျူစောထီးများရောက်ရှိလာပြီး PDF ငါးဦးအား အရှင်ဖမ်းပြီးနောက် သတ်ဖြတ်လိုက်သည်ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

ကျဆုံးသွားသောရဲဘော်ငါးဦးမှာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဇွဲမာန်အောင် ( CDM ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂ ) ၊ရဲဘော် မင်းသန့်ကျော်၊ရဲဘော် ရာဇာထွန်း၊ရဲဘော် နိုင်ဝဏ္ဏနှင့်ရဲဘော် မင်းခန့် (ခ) မိုးဒီတို့ဖြစ်သည်။

“ဒလန်က ဒုက္ခပေးသွားတာ မြင်ကြပြီမဟုတ်လား” ဟု ရဲဘော်ရဲဘက်ငါးဦးကျဆုံးခဲ့ရသည့်အပေါ် ချောင်းဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသော ရဲဘော်ငါးဦးသည် စစ်အာဏာ ရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိသားစုနှင့်ထပ်တူ ထပ်မျှဆို့နင့်ကြေကွဲဝမ်းနည်းရပါသည်ဟု ထုတ်ပြန်ထားသည်။

“ကျဆုံးအာဇာနည်ရဲဘော်များဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူကျွန်ုပ်တို့ရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်”ဟု ချောင်းဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ ပြုလုပ်သည့် မုံရွာလူထုသပိတ်တွင် “နှစ်သစ်မှာ အားသစ်လောင်း၍ နိုင်ငံသစ်ကို ရဲရဲတည် ဆောက်ကြ” “ပြည်သူလူထု ပေါင်းစုအားဖြင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ကြ”ဟု လူထုကကြွေးကြော်ချီတက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။