Connect with us

Hi, what are you looking for?

News

လူထုကိုဗုံးကြဲတိုက်ခိုက်နေသည့်စစ်ကောင်စီရဟတ်ယာဉ်မှူး ဗိုလ်မှူး အောင်ကိုဇော်နေရပ်ပြန်လာစဉ် PDF က​သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်

ဗိုလ်မှူးအောင်ကိုဇော်သည် ၎င်း၏ မွေးရပ်ဇာတိ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့သို့ ခေတ္တရောက်ရှိနေချိန် ပဲခူးတိုင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၊ တပ်ခွဲ(၃) မှ PDF တပ်ဖွဲ့ဝင်များက ယနေ့ ဧပြီ ၁၇ရက် နံနက် ၈နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်လေယာဉ်မှူး ဗိုလ်မှူး​အောင်ကို​ဇော်အား ယ​နေ့ ​နေရက်သို့ပြန်လာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသွားကြောင်း ပဲခူး​​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်သည် အမှတ် ၃၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၊ မင်္ဂလာဒုံလေ တပ်စခန်းကဖြစ်ပြီး ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ ကရင်ပြည်နယ် နှင့် မကွေးတိုင်းတို့ရှိ ပြည်သူ့ အသက်အိုးအိမ် တို့အား ဗုံးကြဲတိုက်ခိုက်နေသော Mi-35P နှင့် Mi-17 တောင်ပိုင်းလေတပ်ကွပ် ကဲဌာနချုပ်ရှိ ပိုင်းလော့ ဗိုလ် နှင့် ဗိုလ်မှူးစာရင်း ၅၄ ဦးထဲတွင် ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗိုလ်မှူးအောင်ကိုဇော်သည် ၎င်း၏ မွေးရပ်ဇာတိ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့သို့ ခေတ္တရောက်ရှိနေချိန် ပဲခူးတိုင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၊ တပ်ခွဲ(၃) မှ PDF တပ်ဖွဲ့ဝင်များက ယနေ့ ဧပြီ ၁၇ရက် နံနက် ၈နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းအား မိုင်းခွဲတိုက်ခိုက်ရန်စီစဉ်ထားခဲ့သော်လည်း မိသားစု နှင့် ကလေးသူငယ်များပါဝင်နေ၍ မိသားစုဝင်များကိုထိ့ခိုက်မည်စိုး၍မိုင်းခွဲ တိုက်ခိုက်မှုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အနီးကပ် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း PDFက ထုတ်ပြန်သည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့်စစ်​ကောင်စီ​လေယာဥ်မှူးမှာကျည်တစ်ချက်ထိ့မှန်ခဲ့ပြီး နေ့လည်ပိုင်းတွင် စစ်ကောင်စီကားများ စောင့်ကြပ်လျှက်ရှိသော ပရဟိတကားတစ်စီးဖြင့် ဆေးကုသမှုခံယူရန် ရန်ကုန်ဘက်သို့ အရေးပေါ်ထွက်ခွာသွားသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ နှင့် ၄င်းတို့ ထောက်တိုင်များကို ယခုထက်ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဟုလည်း ပဲခူးတိုင်း PDFက ထုတ်ပြန်ထားပြီး ပြည်သူလူထုအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ၊ ဒေါက်တိုင်များ ၊ စစ်ကောင်စီစခန်းများ ၊ အကြမ်းဖက်စစ်ကောင်စီယာဉ်များနှင့် နီးကပ်စွာသွားလာနေထိုင်ခြင်းမျိုး မပြုလုပ်ရန် သတိပေးထားသည်။

ဧပြီ ၁၅ ရက်နေ့ကလည်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာအုပ်စု ထန်းပင်ကုန်းတွင် နေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်အား သာယာဝတီခရိုင် တပ်ရင်း ၁ တပ်ခွဲ ၂ မှသုတ်သင်ရှင်းလင်းခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ