Connect with us

Hi, what are you looking for?

News

ရက်စက်ပြပါကငြိမ်သွားမည်ဟု စစ်ကောင်စီမျှော်လင့်ချက် တွန်းလှန်စစ်နှင့် နွေဦးတော်လှန်ရေးအင်အားစုများကြောင့် သဲထဲရေသွန်ဖြစ်သွားဟု ဦးအောင်ကြည်ညွန့်ပြော

စစ်ကောင်စီက ၎င်းတို့အနေဖြင့် နိုင်ငံကိုထိန်းချုပ်ထားနိုင်ကြောင်း၊ ပြည်သူတွေပျော်ရွှင်နေ ကြောင်း ကမ္ဘာကိုလှည့်စားလိမ် ညာလို၍အပျော် သင်္ကြန်မဟာစီမံကိန်းကြီးလုပ်ခဲ့ သော်လည်း တောင်တန်းဒေသနှင့် မြို့ပြကျေးလက်ပါမကျန် တိတ် ဆိတ်ငြိမ်သက်ပြီး ဆန့်ကျင်တော်လှန် ပြခဲ့ကြောင်း၊ ဦးအောင်ကြည်ညွန့်က ပြောသည်။

ရက်စက်ပြပါက ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ငြိမ်သွားမည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ မိုက်မဲ့သည့် မျှော်လင့်ချက်သည် ပြည်သူ့ခုခံတွန်းလှန်စစ်နှင့် နွေဦးတော်လှန်ရေး အင်အားစုများကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရပြီဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ယနေ့(ဧပြီ ၁၈ ရက်)ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေး၌ ဦးအောင်ကြည်ညွန့်က“ ရက်စက်ပြလိုက်ရင် ငြိမ်သက်သွားလိမ့် မယ်ဆိုတဲ့ မိုက်မဲတဲ့ မျှော်လင့်ချက်ဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါပြီ။ ပြည်သူ့ ခုခံတွန်းလှန်စစ်နဲ့ နွေဦးတော်လှန် ရေးအင်အားစုတွေဟာ သွေးအေးမသွားဘဲ ပြည်သူကို မဏ္ဍိုင် ဗဟိုပြုတဲ့ တော်လှန်ရေး ဖြစ်တယ်ဆိုတာ မျက်ဝါးထင်ထင် ပေါ်လွင်နေပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ သတင်းနှင့် ပြန်ကြားရေး PVTV သတင်းဌာနက ဖော်ပြသည်။

စစ်ကောင်စီက ၎င်းတို့အနေဖြင့် နိုင်ငံကိုထိန်းချုပ်ထားနိုင်ကြောင်း၊ ပြည်သူတွေပျော်ရွှင်နေ ကြောင်း ကမ္ဘာကိုလှည့်စားလိမ် ညာလို၍အပျော် သင်္ကြန်မဟာစီမံကိန်းကြီးလုပ်ခဲ့ သော်လည်း တောင်တန်းဒေသနှင့် မြို့ပြကျေးလက်ပါမကျန် တိတ် ဆိတ်ငြိမ်သက်ပြီး ဆန့်ကျင်တော်လှန် ပြခဲ့ကြောင်း၊ ဦးအောင်ကြည်ညွန့်က ပြောသည်။

“ သင်္ကြန်ကာလ အတွင်းမှာပဲ စစ်ကောင်စီက ပြည်သူတွေအပေါ်လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေအပါအဝင် လက်နက်ကြီး တွေအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ရင်ခွင်ပိုက်ကလေးအရွယ် ကစပြီး သက်ကြီးရွယ် အိုအထိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေအပြင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓ္ဓမပြုကျင့်မှုတွေကို လက်ရဲဇတ်ရဲနေ့စဉ် နဲ့အမျှဆောင်ရွက်နေတယ်”ဟုလည်း ၎င်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ၄၄၆ဦး အနက် ၂၈၀ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။