Connect with us

Hi, what are you looking for?

LuduNwayOo

News

ရက်စက်ပြပါကငြိမ်သွားမည်ဟု စစ်ကောင်စီမျှော်လင့်ချက် တွန်းလှန်စစ်နှင့် နွေဦးတော်လှန်ရေးအင်အားစုများကြောင့် သဲထဲရေသွန်ဖြစ်သွားဟု ဦးအောင်ကြည်ညွန့်ပြော

စစ်ကောင်စီက ၎င်းတို့အနေဖြင့် နိုင်ငံကိုထိန်းချုပ်ထားနိုင်ကြောင်း၊ ပြည်သူတွေပျော်ရွှင်နေ ကြောင်း ကမ္ဘာကိုလှည့်စားလိမ် ညာလို၍အပျော် သင်္ကြန်မဟာစီမံကိန်းကြီးလုပ်ခဲ့ သော်လည်း တောင်တန်းဒေသနှင့် မြို့ပြကျေးလက်ပါမကျန် တိတ် ဆိတ်ငြိမ်သက်ပြီး ဆန့်ကျင်တော်လှန် ပြခဲ့ကြောင်း၊ ဦးအောင်ကြည်ညွန့်က ပြောသည်။

ရက်စက်ပြပါက ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ငြိမ်သွားမည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ မိုက်မဲ့သည့် မျှော်လင့်ချက်သည် ပြည်သူ့ခုခံတွန်းလှန်စစ်နှင့် နွေဦးတော်လှန်ရေး အင်အားစုများကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရပြီဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ယနေ့(ဧပြီ ၁၈ ရက်)ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေး၌ ဦးအောင်ကြည်ညွန့်က“ ရက်စက်ပြလိုက်ရင် ငြိမ်သက်သွားလိမ့် မယ်ဆိုတဲ့ မိုက်မဲတဲ့ မျှော်လင့်ချက်ဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါပြီ။ ပြည်သူ့ ခုခံတွန်းလှန်စစ်နဲ့ နွေဦးတော်လှန် ရေးအင်အားစုတွေဟာ သွေးအေးမသွားဘဲ ပြည်သူကို မဏ္ဍိုင် ဗဟိုပြုတဲ့ တော်လှန်ရေး ဖြစ်တယ်ဆိုတာ မျက်ဝါးထင်ထင် ပေါ်လွင်နေပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ သတင်းနှင့် ပြန်ကြားရေး PVTV သတင်းဌာနက ဖော်ပြသည်။

စစ်ကောင်စီက ၎င်းတို့အနေဖြင့် နိုင်ငံကိုထိန်းချုပ်ထားနိုင်ကြောင်း၊ ပြည်သူတွေပျော်ရွှင်နေ ကြောင်း ကမ္ဘာကိုလှည့်စားလိမ် ညာလို၍အပျော် သင်္ကြန်မဟာစီမံကိန်းကြီးလုပ်ခဲ့ သော်လည်း တောင်တန်းဒေသနှင့် မြို့ပြကျေးလက်ပါမကျန် တိတ် ဆိတ်ငြိမ်သက်ပြီး ဆန့်ကျင်တော်လှန် ပြခဲ့ကြောင်း၊ ဦးအောင်ကြည်ညွန့်က ပြောသည်။

“ သင်္ကြန်ကာလ အတွင်းမှာပဲ စစ်ကောင်စီက ပြည်သူတွေအပေါ်လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေအပါအဝင် လက်နက်ကြီး တွေအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ရင်ခွင်ပိုက်ကလေးအရွယ် ကစပြီး သက်ကြီးရွယ် အိုအထိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေအပြင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓ္ဓမပြုကျင့်မှုတွေကို လက်ရဲဇတ်ရဲနေ့စဉ် နဲ့အမျှဆောင်ရွက်နေတယ်”ဟုလည်း ၎င်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ၄၄၆ဦး အနက် ၂၈၀ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။