Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့အိုးအိမ်များကို တော်လှန်ရေးအောင်မြင်ပြီးချိန် ပြန်ဆောက်ပေးမည်ဟု ယာယီသမ္မတ ကတိပြု

အကြမ်းဖက်စစ်တပ်က ပြည်သူများ၏ နေအိမ် ၉,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေးနေရသည့် ပြည်သူ ၉သိန်းကျော်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်ဟု ယာယီသမ္မတက ပြောသည်။

(မ​ကွေးတိုင်း ​ပေါက်မြို့နယ်ရှိ ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီက ယခု ဧပြီအတွင်း မီးရှို့ဖျက်ဆီး​နေစဥ်)

အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထုများ၏ နေအိမ်များကို တော်လှန်ရေး အောင်မြင်ပြီးချိန်၌ ပြန်လည်တည်ဆောက်ပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြုပြောကြားလိုက်သည်။

ယနေ့ (ဧပြီ ၁၈ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်စတုတ္ထအကြိမ်အစည်းအဝေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းပြောကြားရာ ယင်းသို့ ကတိပြုခဲ့ခြင်းဖြစ်သည်။

“မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေကို ပြည်သူ့တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်တည် ဆောက်ပေးမှာဖြစ်ပါတယ်လို့ ကတိပေးလိုပါတယ်။ ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုကို အမျိုးသားညီညွတ် ရေးအ စိုးရအနေနဲ့ အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ပေးရမယ်လို့ မူချမှတ်ထားပြီးဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောသည်။

အကြမ်းဖက်စစ်တပ်က ပြည်သူများ၏ နေအိမ် ၉,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေးနေရသည့် ပြည်သူ ၉သိန်းကျော်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

Data for Myanmar ၏ ထုတ်ပြန်ချက်များအရ စစ်ကိုင်း၊ မကွေး၊ချင်း၊ ကရင်နီ ဒေသများနှင့် ဒေသအသီးသီးရှိ နေရာပေါင်း ၂၅၀ ကျော်မှ အိမ်ခြေ ၉,၁၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။

“ပြည်သူတစ်ရပ်လုံး ကိုဗစ် ၁၉ ကာလနဲ့ စီးပွားရေးအကြပ်အတည်းရောက်နေတဲ့အ ချိန်မှာအာဏာ သိမ်းလိုက်တာ ဖြစ်လို့ တိုင်းပြည်က ချောက်ထဲထိုးကျသလိုဖြစ်သွားပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက မင်းအောင်လှိုင်ရဲ့ အာ ဏာသိမ်းမှုကိုဆန့်ကျင်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်ခဲ့ကြပါတယ်။အကြမ်းဖက်စစ်တပ်က ရက်စက်စွာသတ်ဖြတ်နေတဲ့တိုင် ဒီနေ့အထိ အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တာတွေလုပ်ဆောင် လျှက်ရှိပါတယ်။အမျိုးသမီတွေနဲ့ လူငယ်တွေရဲ့ ရဲရင့်စွာတိုင်းပြည်အတွက်ပေးဆပ် အနစ်နာခံမှုကိုအမြဲအသိအ မှတ်ပြုနေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်