Connect with us

Hi, what are you looking for?

News

“နန်းထိုက်အောင်”စစ်ဆင်ရေး၏ စီးပွားရေးပစ်မှတ်အဖြစ် စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်

ဧပြီ ၁၆ ရက်ကလည်း မြန်မာဘီယာစက်ရုံအား ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဥ်ရှိခဲ့ပြီး မပေါက်ကွဲသေးသည့် အီနာဂါဗုံးသီးတစ်လုံးကို အကြမ်းဖက်စစ်တပ်က ရှာဖွေတွေ့ရှိခဲ့သည်။

“နန်းထိုက်အောင်”စစ်ဆင်ရေး၏ စီးပွားရေးပစ်မှတ်အဖြစ် စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို (၄၀)မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုံ အမှတ် (၃)လမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၊ စီးပွားရေးဦးပိုင်၏ အဓိကဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်သည့် မြန်မာဘီယာစက်ရုံကို ယမန်နေ့(ဧပြီ ၁၉ ရက်)ညနေ ၄ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဒီပစ်ခတ်တိုက်ခိုက်မှုကို မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး (၄၀) မမ ဗုံးသီး နှစ်လုံးအသုံးပြုခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှု ဖြစ်စဥ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဘီယာထုတ်လုပ်ရေး၏ ပင်မ ထုတ်လုပ်ရေး အစိတ် အပိုင်းနှစ်ခု ပျက်စီးမှုရှိခဲ့သည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“မြန်မာဘီယာစက်ရုံထဲဗုံးပေါက်တာခေါင်မိုးပါပွင့်ထွက်တယ်။အသံကျယ်ကြီးပဲအားရတယ်။နောက်တော့စက်ရုံထဲကားဘီးပေါက်တာပါဆိုသတင်းလွှင့်နေတာ။သူတို့ထဲမဟုတ်ပါဘူးလန်ဒန်စက်ရုံထဲဆိုပြီးပြန်သတင်းလွှင့်တယ်” ဟု​ပြည်သူတစ်ဦးက​ပြောသည်။

Public Service Announcement

ဗုံး​ပေါက်ကွဲပြီး​နောက် စစ်​ကောင်စီတပ်ကလည​ရောက်ပိတ်ဆို့စစ်​ဆေးရှာ​ဖွေပြီး အရပ်ဝတ်ဖြင့်​သေနတ်များကိုင်ထားသည့် စစ်​ကောင်စီတပ်သားများကစက်ရုံပတ်ပတ်လည်တွင်​စောင့်​နေ​ကြောင်းလည်းသိ့ရသည်။

ဧပြီ ၁၆ ရက်ကလည်း မြန်မာဘီယာစက်ရုံအား ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဥ်ရှိခဲ့ပြီး မပေါက်ကွဲသေးသည့် အီနာဂါဗုံးသီးတစ်လုံးကို အကြမ်းဖက်စစ်တပ်က ရှာဖွေတွေ့ရှိခဲ့သည်။

ယခုလ ဒုတိယပတ်ကစတင်ခဲ့သော “နန်းထိုက်အောင် “စစ်ဆင်ရေးသည် အကြမ်းဖက်စစ်ကောင်စီ အပါအဝင် ၎င်း၏ ထောက်တိုင်များကို တိုက်ခိုက်မှုအရှိန်မြှင့်တင်မည့် စစ်ဆင်ရေးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

လက်ရှိတွင် ထိုစစ်ဆင်ရေးကို ဒလ၊မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ​ကော့မှုး၊ တွံ​တေး၊ သုံးခွ၊ ​ရွှေပြည်သာ ၊သာကေတ နှင့် လှိုင်သာယာတို့တွင် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သာများ၊အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန် ခုနှစ်ဦး ထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

ဆောင်းပါး

“လူတွေ စီးပွားပျက်ပြီး သူတောင်းစားဖြစ်မယ့်အတိုးက မတ်တိုးပဲ”

Facebook