Connect with us

Hi, what are you looking for?

News

“နန်းထိုက်​အောင်”စစ်ဆင်​ရေးအဖြစ် ​ရွှေပြည်သာမှ လူကယ်ပြန်ရုံးနှင့် အုပ်ကြီးရုံးကို ​ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှု ဖြစ်စဥ်များအနက် SDF ရဲဘော်များ အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်ခဲ့သည်ဟူ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“နန်းထိုက်အောင်”စစ်ဆင်ရေးအစိတ်အပိုင်းတစ်ခု အဖြစ် ရွှေပြည်သာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေပြည်သာမြို့နယ်ကာ ကွယ်ရေးတပ်ဖွဲ့(SDF)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၀ရက်)ည ၈နာရီခန့်က လှော်ကားလမ်းမကြီးပေါ်ရှိ လူကယ်ပြန်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှုကိုမူ မသိရသေးဟု ဆိုသည်။

“အဲဒီလူကယ်ပြန်ရုံးက နှစ်ထပ်အသစ် ဆောက်ထားတာ မကြာသေးဘူး။ပေါက်ကွဲတဲ့အသံ ကြားရတာတော့ အကျယ်ကြီးပဲ။စခတွေ သေ၊မသေတော့ မသိနိုင်သေးဘူး”ဟု ရွှေပြည်သာမြို့နယ်နေသူတစ်ဦးက People’s Springသို့ ပြောသည်။

ယမန်နေ့ကလည်း ရွှေပြည်သာမြို့နယ် ထ/၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု ဖြစ်စဥ်များအနက် SDF ရဲဘော်များ အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်ခဲ့သည်ဟူ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။