ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၁၀တန်း စာမေးပွဲကို ယနေ့(ဧပြီ ၂၁ရက်)တွင် စတင်ကျင်းပလျက်ရှိသည်။
ယခု ၂၀၂၁ -၂၂ ပညာသင်နှစ်အတွက် ၁၀တန်းစာမေးပွဲ ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ဦးရေ ၂၁၉၂ဦး ရှိပြီး ၁၀တန်းစာမေးပွဲကို ဧပြီ ၂၈ရက်အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း KIO ဗဟို ပညာရေးဌာနက အသိပေးထားသည်။


လိုင်ဇာနှင့် မိုင်ဂျာယန်အပါအဝင် စာစစ်ဌာန ၉ခုတွင် စာမေးပွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားပြီး ယခုနှစ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ကျောင်းသား၊ကျောင်းသူများဦးရေသည် ယခင်နှစ်ထက် ပိုများသည်ဟု ဆိုသည်။
ယခု ဖြေဆိုနေသည့် ၁၀တန်းစာမေးပွဲအောင်ရှုံးစာရင်းကို ဇွန်လအတွင်း ထုတ်ပြန်ပေးမည်ဟု အသိပေးထား သည်။

Public Service Announcement

COVID-19 ကပ်ရောဂါကြောင့် ကျောင်းများကို ပုံမှန်မဖွင့်နိုင်သော်လည်း လာမည့် နှစ်များ၌ ကျောင်းများ ပုံမှန် ပြန်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟုဆိုသည်။
