Connect with us

Hi, what are you looking for?

News

KIO ပညာရေး ၁၀တန်းစာမေးပွဲ ယနေ့စတင်

ယခု ၂၀၂၁ -၂၂ ပညာသင်နှစ်အတွက် ၁၀တန်းစာမေးပွဲ ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ဦးရေ ၂၁၉၂ဦး ရှိပြီး ၁၀တန်းစာမေးပွဲကို ဧပြီ ၂၈ရက်အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း KIO ဗဟို ပညာရေးဌာနက အသိပေးထားသည်။

ဓာတ်ပုံ - Simsa Kasa Multimedia

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၁၀တန်း စာမေးပွဲကို ယနေ့(ဧပြီ ၂၁ရက်)တွင် စတင်ကျင်းပလျက်ရှိသည်။

ယခု ၂၀၂၁ -၂၂ ပညာသင်နှစ်အတွက် ၁၀တန်းစာမေးပွဲ ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ဦးရေ ၂၁၉၂ဦး ရှိပြီး ၁၀တန်းစာမေးပွဲကို ဧပြီ ၂၈ရက်အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း KIO ဗဟို ပညာရေးဌာနက အသိပေးထားသည်။

လိုင်ဇာနှင့် မိုင်ဂျာယန်အပါအဝင် စာစစ်ဌာန ၉ခုတွင် စာမေးပွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားပြီး ယခုနှစ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ကျောင်းသား၊ကျောင်းသူများဦးရေသည် ယခင်နှစ်ထက် ပိုများသည်ဟု ဆိုသည်။

ယခု ဖြေဆိုနေသည့် ၁၀တန်းစာမေးပွဲအောင်ရှုံးစာရင်းကို ဇွန်လအတွင်း ထုတ်ပြန်ပေးမည်ဟု အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Simsa Kasa Multimedia

COVID-19 ကပ်ရောဂါကြောင့် ကျောင်းများကို ပုံမှန်မဖွင့်နိုင်သော်လည်း လာမည့် နှစ်များ၌ ကျောင်းများ ပုံမှန် ပြန်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။