Connect with us

Hi, what are you looking for?

News

စစ်အုပ်စုရဲ့ မန္တလေးက ရတနာပုံဥယျာဉ် လာရောက်လည်ပတ်သူမရှိ

မြို့ရိုးဘေး မှာ ဖွင့်လှစ်ထားတဲ့ အဲဒီ ဥယျာဉ်ကို ပြည်သူတွေ လာရောက်အပန်းဖြေနိုင်တယ်လို့ စည်ပင်ရဲ့ ဖေ့ဘွတ်ခ်ကနေ ဖိတ်ခေါ်ထားတာပါ။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီ ဆောက်လုပ်ပြီး ဖွင့်လှစ်လိုက်တဲ့ မန္တလေး နန်းမြို့ရိုးဘေးက ရတနာပုံဥယျာဉ်ကိုလာရောက်လည်ပတ်သူမရှိတဲ့အတွက် မန္တလေးစည်ပင်က ဖိတ်ခေါ်နေပါတယ်။

မြို့ရိုးဘေး မှာ ဖွင့်လှစ်ထားတဲ့ အဲဒီ ဥယျာဉ်ကို ပြည်သူတွေ လာရောက်အပန်းဖြေနိုင်တယ်လို့ စည်ပင်ရဲ့ ဖေ့ဘွတ်ခ်ကနေ ဖိတ်ခေါ်ထားတာပါ။

အဲဒီဥယျာဉ် ကို သွားရောက်လည်ပတ်မယ်ဆိုရင် စစ်ဆေးမှုရှိမယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မန္တလေးမြို့ခံတစ်ဦးကတော့ မြို့လူထုဟာ စစ်ကောင်စီ ဆောက်လုပ်ထားတဲ့ ဥယျာဉ်ဖြစ်တဲ့အတွက် ရှောင်ကြဉ်ကြတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်(NLDအစိုးရ) လုပ်သွားတဲ့ ကျုံးရှေ့က နေရာဆို လူကြိတ်ကြိတ်တိုးခဲ့တာပဲ ၊ အခု ရတနာပုံဥယျာဉ်မှာစစ်ဆေးရေးတွေရှိတာထက် သူတို့လုပ်တဲ့နေရာဆို ဘယ်နေရာမှကိုမသွားကြတာပဲ” အဲဒီမန္တလေးမြို့ခံက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုဟာ ဘတ်ဂျက်ငွေ အမြောက်အများသုံးစွဲကာ ရတနာပုံဥယျာဉ်ကိုဆောက်လုပ်ပြီး သင်္ကြန်အကြိုနေ့ကဖွင့်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။