Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီး​မော့ဆိုတွင် နယ်​မြေရှင်းလင်းစဥ် မိုင်းနင်းမိ၍ ရဲ​ဘော်တစ်ဦး ​ခြေ​ထောက်နှစ်ဖက်ဆုံးရှုံး

မိုင်းနင်းမိခဲ့သည့် ရဲဘော်သည် မိဘပြည်သူများ လုံခြုံမှုရှိစေရန်နှင့် အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးတွင် အားသွန်ခွန်စိုက်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု KNDF က အသိပေးသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၉ က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၂ ရက်) နံနက် ၇နာရီခန့်က KNDFတပ်ရင်း(၉)နှင့် ပူပေါင်းတပ်များနယ်မြေရှင်းလင်းမှု ပြုလုပ်နေစဥ် ရဲဘော်တစ်ဦးမိုင်းနင်းမိခဲ့ခြင်းဟုဆို သည်။

မိုင်းနင်းမိခဲ့သည့် ရဲဘော်သည် မိဘပြည်သူများ လုံခြုံမှုရှိစေရန်နှင့် အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးတွင် အားသွန်ခွန်စိုက်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု KNDF က အသိပေးသည်။

လက်ရှိ ကရင်နီပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ (လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊မိုးဗြဲ နှင့် ဖယ်ခုံ) ကျေးရွာများနှင့် အများပြည်သူသွားရာ လမ်းများ၌ မြေမြုတ်နင်းမိုင်းအများအပြားကို အကြမ်းဖက်စစ်တပ်က အသုံးပြုလျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့်မိဘပြည်သူများ အသွားလာ သတိထားရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

မြိုင်ပကဖနှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များသည် ပခုက္ကူမှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းများအား တိုက်ခိုက်လျက်ရှိသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။