Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုတွင် နယ်​မြေရှင်းလင်းစဥ် မိုင်းနင်းမိ၍ ရဲ​ဘော်တစ်ဦး ​ခြေ​ထောက်နှစ်ဖက်ဆုံးရှုံး

မိုင်းနင်းမိခဲ့သည့် ရဲဘော်သည် မိဘပြည်သူများ လုံခြုံမှုရှိစေရန်နှင့် အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးတွင် အားသွန်ခွန်စိုက်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု KNDF က အသိပေးသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၉ က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၂ ရက်) နံနက် ၇နာရီခန့်က KNDFတပ်ရင်း(၉)နှင့် ပူပေါင်းတပ်များနယ်မြေရှင်းလင်းမှု ပြုလုပ်နေစဥ် ရဲဘော်တစ်ဦးမိုင်းနင်းမိခဲ့ခြင်းဟုဆို သည်။

မိုင်းနင်းမိခဲ့သည့် ရဲဘော်သည် မိဘပြည်သူများ လုံခြုံမှုရှိစေရန်နှင့် အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးတွင် အားသွန်ခွန်စိုက်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု KNDF က အသိပေးသည်။

လက်ရှိ ကရင်နီပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ (လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊မိုးဗြဲ နှင့် ဖယ်ခုံ) ကျေးရွာများနှင့် အများပြည်သူသွားရာ လမ်းများ၌ မြေမြုတ်နင်းမိုင်းအများအပြားကို အကြမ်းဖက်စစ်တပ်က အသုံးပြုလျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့်မိဘပြည်သူများ အသွားလာ သတိထားရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။