Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂန့်ဂေါနယ်ရှိ တိုက်ပွဲဝင် PDFများနှင့် စစ်ကောင်စီကြောင့်ထိခိုက်နစ်နာနေရသည့် ပြည်သူများအား ပံပိုးကူညီပေးရန် မြို့နယ်(ပကဖ) တိုက်တွန်းနှိုးဆော်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယူ၊ ခိုးယူခြင်းနှင့် ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသော ပြည်သူ များအတွက် အကူအညီအထောက်အပံ့များ များစွာလိုအပ်နေဆဲဖြစ်၍ ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သူများအနေဖြင့် ကူညီပံ့ပိုးပေးကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တိုက်တွန်းနှိုးဆော်သည်။

ဂန့်ဂေါမြို့နယ်(ပအဖ)က လူထုထံအစီရင်ခံစာကို ယနေ့ထုတ်ပြန်ရာ ယင်းသို့ နှိုးဆော်လိုက်ခြင်းဖြစ်သည်။

(ဂန့်ဂေါမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ လမ်းညွှန်မှုဖြင့် ပညာသင်ကြားနေမှုမှတ်တမ်းများ၊ ဓာတ်ပုံ – ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဂန့်ဂေါမြို့နယ်(ပအဖ)အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းစဉ်များ၊ ပေးအပ်သော တာဝန်များနှင့် ပြည်သူလူထု၏အကျိုးစီးပွားတို့ကိုဆောင်ရွက်နေရာအစိုးရဖွဲ့စည်းပြီး တစ်နှစ်တာကာလအတွင်း စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအတွက် ကျပ်သိန်း ၉၀၀ ကျော် ခွဲဝေထောက်ပံ့မှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြင်ပအလှူရှင်များ၏ အကူအညီဖြင့် တစ်နှစ်တာအတွင်း စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင် ၅၇ဦးအတွက် တစ်ဦးလျင် ကျပ် ၅သောင်းစီ၊ စစ်ဘေးရှောင်အမျိုးသမီး ၄၈၂ဦးအတွက် ကျပ်သိန်း ၁၉၀ကျော်တို့အား ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်သူများ ကိုဗစ်ကပ်ရောဂါကာလ ပြန်လည်ကုစားရေးအတွက်လည်း ငွေကျပ် ၃၀၀ သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ဘေးရှောင်ပြည်သူများအတွက် တစ်နှစ်တာကာလအတွင်း ဆန်တင်းရေ ၇၀၀တင်းကိုလည်း သက်ဆိုင်ရာတာဝန်ခံများကတစ်ဆင့် ဖြန့်ဝေထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

(ဂန့်ဂေါမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ လမ်းညွှန်မှုဖြင့် ပညာသင်ကြားနေမှုမှတ်တမ်းများ၊ ဓာတ်ပုံ – ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေး ကိစ္စရပ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုထုတ်ပြန်ထားပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် လှူဒါန်းပေးခဲ့ကြသော ပြည်တွင်းပြည်ပအလှူရှင်များကို ဂန့်ဂေါမြို့နယ်ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

လက်ရှိကာလတွင် ဂန့်ဂေါမြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယူ၊ ခိုးယူခြင်းနှင့် ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။