Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်ရှိ တိုက်ပွဲဝင် PDFများနှင့် စစ်ကောင်စီကြောင့်ထိခိုက်နစ်နာနေရသည့် ပြည်သူများအား ပံပိုးကူညီပေးရန် မြို့နယ်(ပကဖ) တိုက်တွန်းနှိုးဆော်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယူ၊ ခိုးယူခြင်းနှင့် ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသော ပြည်သူ များအတွက် အကူအညီအထောက်အပံ့များ များစွာလိုအပ်နေဆဲဖြစ်၍ ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သူများအနေဖြင့် ကူညီပံ့ပိုးပေးကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တိုက်တွန်းနှိုးဆော်သည်။

ဂန့်ဂေါမြို့နယ်(ပအဖ)က လူထုထံအစီရင်ခံစာကို ယနေ့ထုတ်ပြန်ရာ ယင်းသို့ နှိုးဆော်လိုက်ခြင်းဖြစ်သည်။

(ဂန့်ဂေါမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ လမ်းညွှန်မှုဖြင့် ပညာသင်ကြားနေမှုမှတ်တမ်းများ၊ ဓာတ်ပုံ – ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဂန့်ဂေါမြို့နယ်(ပအဖ)အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းစဉ်များ၊ ပေးအပ်သော တာဝန်များနှင့် ပြည်သူလူထု၏အကျိုးစီးပွားတို့ကိုဆောင်ရွက်နေရာအစိုးရဖွဲ့စည်းပြီး တစ်နှစ်တာကာလအတွင်း စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအတွက် ကျပ်သိန်း ၉၀၀ ကျော် ခွဲဝေထောက်ပံ့မှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြင်ပအလှူရှင်များ၏ အကူအညီဖြင့် တစ်နှစ်တာအတွင်း စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင် ၅၇ဦးအတွက် တစ်ဦးလျင် ကျပ် ၅သောင်းစီ၊ စစ်ဘေးရှောင်အမျိုးသမီး ၄၈၂ဦးအတွက် ကျပ်သိန်း ၁၉၀ကျော်တို့အား ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်သူများ ကိုဗစ်ကပ်ရောဂါကာလ ပြန်လည်ကုစားရေးအတွက်လည်း ငွေကျပ် ၃၀၀ သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ဘေးရှောင်ပြည်သူများအတွက် တစ်နှစ်တာကာလအတွင်း ဆန်တင်းရေ ၇၀၀တင်းကိုလည်း သက်ဆိုင်ရာတာဝန်ခံများကတစ်ဆင့် ဖြန့်ဝေထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

(ဂန့်ဂေါမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ လမ်းညွှန်မှုဖြင့် ပညာသင်ကြားနေမှုမှတ်တမ်းများ၊ ဓာတ်ပုံ – ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေး ကိစ္စရပ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုထုတ်ပြန်ထားပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် လှူဒါန်းပေးခဲ့ကြသော ပြည်တွင်းပြည်ပအလှူရှင်များကို ဂန့်ဂေါမြို့နယ်ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

လက်ရှိကာလတွင် ဂန့်ဂေါမြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယူ၊ ခိုးယူခြင်းနှင့် ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook