Connect with us

Hi, what are you looking for?

News

ညောင်ပင်ရှည်ရွာအား မီးရှို့ဖျက်ဆီးနေသောစစ်ကောင်စီတပ် ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစု စီးနင်းတိုက်ခိုက်၍ အထိနာ

“ဒီမနက် (ဧပြီ ၂၂ ရက်)မနက်အစောပိုင်းက ညောင်ပင်ရှည်ကျေးရွာကို မီးရှို့ လူသတ်နေတယ် ကြားတာနဲ့ ကျွန်တော်တို့အဖွဲ့ နဲ့ နယ်မြေခံတပ်ပေါင်းစု တွေချိတ်ဆက်ပြီး ဝင်တိုက်တာ “ဟု Zero ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူ ကိုသက်ကြီးက People’s Springသို့ ရှင်းပြသည်။

(Zero ပြောက်ကျားတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်သားနှင့် ပျူ ၃၀ထက်မနည်းသေဟု Zeroပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်၊ မူးမြစ် ဖြတ်ကူးစဥ် Zero ပြောက်ကျားတပ်မှ ရဲဘော်တစ်ဦး ရေစီးနှင့်မျောပါ ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေ သော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ရာ ၃၀ထက်မနည်း သေဆုံးနိုင်ကြောင်း Zeroပြောက်ကျားတပ်ဖွဲ့( မြင်းခြံ )က ထုတ်ပြန်သည်။

“ဒီမနက် (ဧပြီ ၂၂ ရက်)မနက်အစောပိုင်းက ညောင်ပင်ရှည်ကျေးရွာကို မီးရှို့ လူသတ်နေတယ် ကြားတာနဲ့ ကျွန်တော်တို့အဖွဲ့ နဲ့ နယ်မြေခံတပ်ပေါင်းစု တွေချိတ်ဆက်ပြီး ဝင်တိုက်တာ “ဟု Zero ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူ ကိုသက်ကြီးက People’s Springသို့ ရှင်းပြသည်။

နံနက် ၁၁နာရီကစ၍ ကျားထိုးတိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှာ ညနေ ၃နာရီခန့် အထိ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူနှင့် သံချပ်ကာ တပ်ကူများ ရောက်ရှိလာခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“သူတို့ ဘက်က Mi 35 တွေရောက်လာလို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတာပေါ့။ တိုက်ပွဲအတွင်း ကျွန်တော်တို့ နယ်မြေခံရဲဘော်ကင်း ထောက်တွေ ရဲ့ အမြင်အရ စခတွေ ဘယ်လောက်သေလဲ ဆိုရင် တစ်ယောက်တည်းနဲ့ သေနတ် နှစ်လက်ကိုင်ပစ်ခဲ့ရတယ်။ တပ်ပေါင်းစုက ရဲဘော်ငါးဦး တော့ ဒဏ်ရာရခဲ့တယ်။ကျွန်တော်အဖွဲ့က ရဲဘော်က လက်မှာ လက်နက်ကြီးကျည်စမှန်တာ” ဟု ကိုသက်ကြီးက ပြောသည်။

သို့သော် မူးမြစ်ကို ခြေလျင်ဖြတ်ကူး၍ ပြန်လည်ဆုတ်ခွာချိန်၌ Zero ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ရေစီးနှင့်မျောပါသွား၍ ကျဆုံးခဲ့ရသည်။

“ခုနှစ်ယောက်တစ်တွဲ မူးမြစ်ကို ချိတ်ပြီး ဖြတ်တာပေါ့။အဲဒီအချိန် ဖုန်းပြုတ်ကျသွားတော့ သူက လိုက်ရှာရင် ကျောက်ဆောင်နဲ့ ညပ်ပြီး ပြန်ပေါ်မလာတော့ဘူး။သူ့ Bodyကိုတော့ ညနအထိ ကျွန်တော်တို့ စောင့်ရှာရင်းရခဲ့တယ်။ သဂြိုလ်လည်းပြီးပါပြီ”ဟု Zero ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူက ရှင်းပြသည်။

ယနေ့တိုက်ပွဲတွင် Zero ပျောက်ကြားတပ်ဖွဲ့( မြင်းခြံ )နှင့် အတူစစ်ကိုင်းတိုင်း တပ်ပေါင်းစု ၊ မြင်းမူတပ်ပေါင်းစု၊အရာတော်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။