Connect with us

Hi, what are you looking for?

News

မြိတ်မြို့မှ ထွက်လာ​သော စစ်ကား၁၂စီးပါ စစ်​ကောင်စီယာဥ်တန်းအား ပု​လောPDF တိုက်ခိုက်

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နံနက် ၁နာရီ ၄၅မိနစ်ခန့်တွင် ပစ်ခတ်မှု ငြိမ်သက်သွားခဲ့ကြောင်းလည်း PPDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

▪️စစ်ကားနှစ်စီးမီး​လောင်ပြီး အကြမ်းဖက်စစ်သား ၁၀ဦးထက်မနည်း​သေဟုဆို

မြိတ်မြို့နယ်ဘက်မှ ဆင်းလာသော စစ်ကား(၁၂)စီးပါယာဉ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားနှစ်စီးမီးလောင်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) Palaw People’s Defence Force က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၃ ရက်) နံနက် ၁နာရီခန့်တွင် စစ်ကား(၁၂) စီးပါယာဉ်တန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော် (PPDF)နှင့် မဟာမိတ်တပ်ပေါင်းစုများမှ စောင့်ကြိုမိုင်းဆွဲခဲ့သည်ဟု ဆိုသည်။

ထိုယာဉ်တန်းကို ကဒဲရွာနှင့် ပဝတ်ကုန်းရွာ အကြားတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျော်ထွက်လာသော စစ်ကားများကို ခမောင်းတောရွာအနီးတွင် ထပ်မံ ၍မိုင်းဆွဲခဲ့သည်။

Public Service Announcement

Public Service Announcement

“မနေ့ကတည်းက ထားဝယ်ဘက်က စခ အထိုင်တပ်တွေက နေ မြိတ်ဘက်ကို စစ်ကား ၁၅ စီးနဲ့ ဆင်းတယ်။ပြီးတော့ မြိတ်ဘက်က တပ်က စစ်ကား ၁၂ စီးနဲ့ ထားဝယ်ကို တက်တယ်ဆိုတာ သတင်းအတိအကျရတာနဲ့ ကျွန်တော်တို့ စောင့်တိုက်တာပါ”ဟု PPDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထို့အပြင် မိုင်းဆွဲခံရပြီး သေဆုံးသွားသည့် စစ်ကောင်စီအလောင်းများကို ပုလောအခြေစိုက် ခလရ (၂၈၅)တပ်အတွင်း ပို့ဆောင်နေရသည်ဟု ၎င်းက ဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နံနက် ၁နာရီ ၄၅မိနစ်ခန့်တွင် ပစ်ခတ်မှု ငြိမ်သက်သွားခဲ့ကြောင်းလည်း PPDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက်စစ်အုပ်စု၏ ယာဥ်တန်းပါစစ်ကား (၁၂)စီးတွင်လည်း ​လေးစီးသာ ထားဝယ်မြို့သို့ တက်သွားနိုင်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းလေးခုဖြင့် စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများကို လိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၈ ရက် ​နေ့စွဲဖြင့် ညွှန်ကြားစာထွက်ရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။