ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာရဲစခန်းမှာ ဒီကနေ့နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်က ကျေးရွာထဲကို ပြန်လည်ပစ်ခတ်ခဲ့လို့ ရွာသားတွေ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံကနေ သိရပါတယ်။
ဒီကနေ့ နေ့လည် ၁ နာရီကျော်အချိန်က ခလယ်တံခွန်တိုင်ကျေးရွာ ရဲစခန်းမှာ KNLA နဲ့ စစ်ကောင်စီတို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စခန်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာထဲကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ အရပ်သား တစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံးသုံးဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။
“ရွာကလူ အသေအပျောက်ရှိတယ်”လို့ တံခွန်တိုင်ကျေးရွာသားတစ်ဦးက ပြောတာပါ။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တံခွန်တိုင်ကျေးရွာက ရွာသူရွာသားတွေတချို့ လက်ရှိမှာ ရှောင်တိမ်းနေခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement


















































