Connect with us

Hi, what are you looking for?

News

ပြည်သူ့ခုခံစစ်အရှိန်မြှင့်လာပြီး​နောက်ရှမ်းပြည်တောင်ပိုင်းမှစစ်​ကောင်စီဆန့်ကျင်သူများကိုဖိနှိပ်ရန်လုပ်လာ

လတ်တလောတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့အား စစ်ကောင်စီကအကြမ်းဖက်နေပြီး ကလောနှင့်အောင်ပန်းမြို့ရှိ ဒီချုပ်ပါတီဝင်များနှင့် ပါတီ ထောက်ခံသူများကို ဖမ်းဆီးရန် စစ်ကောင်စီက ကြိုးစားလာခြင်းဖြစ်သည်။

(ရွာငံမြို့နယ်မှ ​နေအိမ်အချို့ ကို စစ်​ကောင်စီတပ်ကဖျက်ဆီးထားစဥ် ။ ဓါတ်ပုံ-CJ)

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ပြည်သူ့ခုခံစစ် အရှိန်မြင့်လာပြီးနောက် ဒေသတွင်း ဒီချုပ်ပါတီနှင့် ဆက်စပ်သူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများကို ဖမ်းဆီးရန် စစ်ကောင်စီက ကြိုးစားနေသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

လတ်တလောတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့အား စစ်ကောင်စီကအကြမ်းဖက်နေပြီး ကလောနှင့်အောင်ပန်းမြို့ရှိ ဒီချုပ်ပါတီဝင်များနှင့် ပါတီ ထောက်ခံသူများကို ဖမ်းဆီးရန် စစ်ကောင်စီက ကြိုးစားလာခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကလောမြို့နယ်အတွင်း(အထူးသဖြင့်က‌လော/အောင်ပန်း) တော်လှန်ရေးနှင့်ပတ်သက်သောသူများအား ၎င်းတို့ရရှိထားသမျှ စာရင်းအလိုက် တစ်ဦးချင်းတစ်ယောက်ချင်းစီကိုဖမ်းဆီးရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ ထို့အပြင် NLDပါတီနှင့် ဆက်စပ်သူများ၊ အမာခံများကိုလည်း ဖမ်းဆီးရန် အစီအစဉ်ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ မိမိတို့အချင်းချင်း တီးတိုးတိုင်ပင်ဆွေးနွေးကာ ဘေးလွတ်ရာ ရှောင်ရှားနေထိုင်ကြရန် သတိပေးတိုက်တွန်းလိုပါသည်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက်စာမျက်နှာ Kalaw Township Media က သတိပေးထားသည်။

ပြည်သူ့ခုခံစစ် အရှိန်မြင့်လာသော ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ပြီးခဲ့သည့် ရက်အနည်းငယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်မှုးအပါအဝင် လေးဦးသေဆုံးခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​ခြောက်ဖွဲ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့်အတူ ရှမ်းတောင်တော်လှန်
ရေးလူငယ်များအဖွဲ့ဟူ၍ဖွဲ့စည်းကာတော်လှန်ရေးအရှိန်မြှင့်မည်ဟုကြေငြာထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ရွာငံဒေသကို ထိုးစစ်ဆင်နေသည် စစ်ကောင်စီရန်ကို ကြောက်လန့်၍ ရွာအနီးဝန်းကျင်တွင် ပုန်းအောင်းနေသည့် ဒေသခံပြည်သူ ၆ဦးကို စစ်ကောင်စီက PDFဟုစွပ်စွဲပြီးသတ်ဖြတ်သွားကြောင်း ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Ywangan People’s Defense Force)က ဧပြီ (၂၂)ရက်တွင်သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook