Connect with us

Hi, what are you looking for?

News

ဝက်လက်နယ်က သစ်ဆိမ့်နှင့် ရွာသစ်ရွာကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး​​နေ

အကြမ်းဖက်စစ်တပ်သည် ရေယာဥ်ပေါ်မှ ငါးပါတ်ချောင်းရွာထဲသို့ နှစ်ချက်ပစ်ရာတစ်လုံးကွဲ၍ တစ်လုံးမှာ ပြည်သူများနှင့် နီးကပ်စွာကျသော်လည်း ပေါက်ကွဲခြင်းမရှိဘဲ မြေကြီးထဲတွင် နစ်မြုပ်နေကြောင်း ဒေသတွင်းအခြေစိုက် Tiger King အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဧရာဝတီမြစ် ​ရေ​ကြောင်းမှတဆင့် ဝင်ရောက်လာပြီးနောက် သစ်ဆိမ့်ကျေးရွာနှင့် ရွာသစ်ကျေးရွာကို မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့(ဧပြီ ၂၄ ရက်) နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် စဥ့်ကူးမြို့နယ် ထုံးကြီးရွာမှတဆင့် ဧရာဝတီမြစ်ခွဲအတိုင်း ရေကြောင်း​ဖြင့် စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ ဝင်ရောက်လာကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာ၊ ကူကြီး​ရွာနှင့် သစ်ဆိမ့်ရွာများသို့ အင်အားအလုံးအရင်းသုံးကာလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ် ဝင်ရောက်ခဲ့ကာ ညနေပိုင်းတွင်မူ သစ်ဆိမ့်နှင့်ရွာသစ်ကျေးရွာများအား မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ညနေပိုင်းမှာ သစ်ဆိမ့်ရွာကို မီးရှို့တယ်။ ရွာသစ်ကျေးရွာကို တောင်နှင့်မြောက် နှစ်ဖက်ညှပ်ပြီးမီးရှို့နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိနိုင်ပြီး ယခုအချိန်ထိ သစ်ဆိမ့်ရွာနှင့် ရှိမ်းမကားရွာတွင်းသို့ အင်အားများထပ်တိုးဖြည့်နေကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြေနုရွာ၊ ဟင်္သာမကျေးရွာများတွင်လည်း အင်အား ၁၀၀ ဝန်းကျင်ခန့် တပ်စွဲထားကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများအမှတ်(၃) လမ်းအား ယာယီအသုံးမပြုကြရန် အသိပေးအပ် ကြောင်းဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ရေယာဥ်ပေါ်မှ ငါးပါတ်ချောင်းရွာထဲသို့ နှစ်ချက်ပစ်ရာတစ်လုံးကွဲ၍ တစ်လုံးမှာ ပြည်သူများနှင့် နီးကပ်စွာကျသော်လည်း ပေါက်ကွဲခြင်းမရှိဘဲ မြေကြီးထဲတွင် နစ်မြုပ်နေကြောင်း ဒေသတွင်းအခြေစိုက် Tiger King အဖွဲ့က ပြောသည်။

၀က်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားကျေးရွာ နှင့် သစ်ဆိမ့်ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၃၀၀ကျော်ရောက်ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် အမှတ် (၃)ခရိုင်ချင်းဆက်လမ်းကို ယနေ့ (ဧပြီ ၂၄ ရက်)မှ ဧပြီ၂၇ ရက်အထိ သွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့ကလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook