Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်နယ်က သစ်ဆိမ့်နှင့် ရွာသစ်ရွာကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး​​နေ

အကြမ်းဖက်စစ်တပ်သည် ရေယာဥ်ပေါ်မှ ငါးပါတ်ချောင်းရွာထဲသို့ နှစ်ချက်ပစ်ရာတစ်လုံးကွဲ၍ တစ်လုံးမှာ ပြည်သူများနှင့် နီးကပ်စွာကျသော်လည်း ပေါက်ကွဲခြင်းမရှိဘဲ မြေကြီးထဲတွင် နစ်မြုပ်နေကြောင်း ဒေသတွင်းအခြေစိုက် Tiger King အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဧရာဝတီမြစ် ​ရေ​ကြောင်းမှတဆင့် ဝင်ရောက်လာပြီးနောက် သစ်ဆိမ့်ကျေးရွာနှင့် ရွာသစ်ကျေးရွာကို မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့(ဧပြီ ၂၄ ရက်) နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် စဥ့်ကူးမြို့နယ် ထုံးကြီးရွာမှတဆင့် ဧရာဝတီမြစ်ခွဲအတိုင်း ရေကြောင်း​ဖြင့် စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ ဝင်ရောက်လာကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာ၊ ကူကြီး​ရွာနှင့် သစ်ဆိမ့်ရွာများသို့ အင်အားအလုံးအရင်းသုံးကာလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ် ဝင်ရောက်ခဲ့ကာ ညနေပိုင်းတွင်မူ သစ်ဆိမ့်နှင့်ရွာသစ်ကျေးရွာများအား မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ညနေပိုင်းမှာ သစ်ဆိမ့်ရွာကို မီးရှို့တယ်။ ရွာသစ်ကျေးရွာကို တောင်နှင့်မြောက် နှစ်ဖက်ညှပ်ပြီးမီးရှို့နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိနိုင်ပြီး ယခုအချိန်ထိ သစ်ဆိမ့်ရွာနှင့် ရှိမ်းမကားရွာတွင်းသို့ အင်အားများထပ်တိုးဖြည့်နေကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြေနုရွာ၊ ဟင်္သာမကျေးရွာများတွင်လည်း အင်အား ၁၀၀ ဝန်းကျင်ခန့် တပ်စွဲထားကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများအမှတ်(၃) လမ်းအား ယာယီအသုံးမပြုကြရန် အသိပေးအပ် ကြောင်းဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ရေယာဥ်ပေါ်မှ ငါးပါတ်ချောင်းရွာထဲသို့ နှစ်ချက်ပစ်ရာတစ်လုံးကွဲ၍ တစ်လုံးမှာ ပြည်သူများနှင့် နီးကပ်စွာကျသော်လည်း ပေါက်ကွဲခြင်းမရှိဘဲ မြေကြီးထဲတွင် နစ်မြုပ်နေကြောင်း ဒေသတွင်းအခြေစိုက် Tiger King အဖွဲ့က ပြောသည်။

၀က်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားကျေးရွာ နှင့် သစ်ဆိမ့်ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၃၀၀ကျော်ရောက်ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် အမှတ် (၃)ခရိုင်ချင်းဆက်လမ်းကို ယနေ့ (ဧပြီ ၂၄ ရက်)မှ ဧပြီ၂၇ ရက်အထိ သွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့ကလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။