Connect with us

Hi, what are you looking for?

News

မန္တလေး စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယား စစ်အုပ်စုရဲ့ ဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူ သတ်ခံရ၊

ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးနား ဆိုင်ရှင်အမျိုးသားအလောင်းကို လာစွန့်ပစ်ရာမှာ အမျိုးသမီးကိုလည်း ကြိုးတုပ်ပြီးအလောင်းဘေးနားမှာ ထားပစ်ခဲ့တယ်လို့သိရပါတယ်။

People's Spring
People's Spring

ဆိုင်ရှင်အမျိုးသားကိုသတ်ဖြတ်တဲ့ သွေးသောက်အဖွဲ့ဟာ စစ်အုပ်စုနဲ့ဆက်နွယ်တဲ့အဖွဲ့လို့ဒေသခံတွေယူဆ

မန္တလေး ၊ချမ်းအေးသာစံမြို့နယ်အတွင်း လူသိများတဲ့ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယားကို မနေ့က ညပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားပြီး ဒီနေ့ မနက်ပိုင်းမှာ မြို့နယ် NLD ပါတီရုံးနား ဆိုင်ရှင်အမျိုးသားရဲ့ အလောင်း ကိုလာစွန့်ပစ်သွားတယ်လို့သိရပါတယ်။

ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးနား ဆိုင်ရှင်အမျိုးသားအလောင်းကို လာစွန့်ပစ်ရာမှာ အမျိုးသမီးကိုလည်း ကြိုးတုပ်ပြီးအလောင်းဘေးနားမှာ ထားပစ်ခဲ့တယ်လို့သိရပါတယ်။

ကြိုးတုပ်ခံထားရတဲ့ဆိုင်ရှင်အမျိုးသမီးမှာလည်းနှိပ်စက်ရိုက်နှက်ထားတဲ့ဒဏ်ရာတွေတွေ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ရှင်အမျိုးသားကိုသတ်ဖြတ်တာဟာ သွေးသောက်အဖွဲ့လို့သိရပြီး သွေးသောက်အဖွဲ့ရဲ့ကတ်ပြားကိုလည်းအလောင်းလည်ပင်းမှာ ချိတ်ဆွဲထားခဲ့ပါတယ်။

ဒေသခံတွေကတော့ လက်ဖက်ရည်ဆိုင်ရှင်အမျိုးသားကိုသတ်ဖြတ်တဲ့ သွေးသောက်အဖွဲ့ဆိုတာဟာ စစ်ကောင်စီ နဲ့ပတ်သက်တဲ့အဖွဲ့ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

အခုလိုသတ်ခံရတဲ့ ဆိုင်ရှင်အမျိုးသားဟာ NLD ပါတီဝင်တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook