Connect with us

Hi, what are you looking for?

News

မန္တလေး စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယား စစ်အုပ်စုရဲ့ ဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူ သတ်ခံရ၊

ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးနား ဆိုင်ရှင်အမျိုးသားအလောင်းကို လာစွန့်ပစ်ရာမှာ အမျိုးသမီးကိုလည်း ကြိုးတုပ်ပြီးအလောင်းဘေးနားမှာ ထားပစ်ခဲ့တယ်လို့သိရပါတယ်။

People's Spring
People's Spring

ဆိုင်ရှင်အမျိုးသားကိုသတ်ဖြတ်တဲ့ သွေးသောက်အဖွဲ့ဟာ စစ်အုပ်စုနဲ့ဆက်နွယ်တဲ့အဖွဲ့လို့ဒေသခံတွေယူဆ

မန္တလေး ၊ချမ်းအေးသာစံမြို့နယ်အတွင်း လူသိများတဲ့ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယားကို မနေ့က ညပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားပြီး ဒီနေ့ မနက်ပိုင်းမှာ မြို့နယ် NLD ပါတီရုံးနား ဆိုင်ရှင်အမျိုးသားရဲ့ အလောင်း ကိုလာစွန့်ပစ်သွားတယ်လို့သိရပါတယ်။

ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးနား ဆိုင်ရှင်အမျိုးသားအလောင်းကို လာစွန့်ပစ်ရာမှာ အမျိုးသမီးကိုလည်း ကြိုးတုပ်ပြီးအလောင်းဘေးနားမှာ ထားပစ်ခဲ့တယ်လို့သိရပါတယ်။

ကြိုးတုပ်ခံထားရတဲ့ဆိုင်ရှင်အမျိုးသမီးမှာလည်းနှိပ်စက်ရိုက်နှက်ထားတဲ့ဒဏ်ရာတွေတွေ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ရှင်အမျိုးသားကိုသတ်ဖြတ်တာဟာ သွေးသောက်အဖွဲ့လို့သိရပြီး သွေးသောက်အဖွဲ့ရဲ့ကတ်ပြားကိုလည်းအလောင်းလည်ပင်းမှာ ချိတ်ဆွဲထားခဲ့ပါတယ်။

ဒေသခံတွေကတော့ လက်ဖက်ရည်ဆိုင်ရှင်အမျိုးသားကိုသတ်ဖြတ်တဲ့ သွေးသောက်အဖွဲ့ဆိုတာဟာ စစ်ကောင်စီ နဲ့ပတ်သက်တဲ့အဖွဲ့ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

အခုလိုသတ်ခံရတဲ့ ဆိုင်ရှင်အမျိုးသားဟာ NLD ပါတီဝင်တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ သပိတ်အင်အားစုမှ တော်လှန်ရဲဘော်တွေက ဦးဆောင်ပြီး တန်ဆောင်တိုင်ပံ့သကူ လှုပ်ရှားမှု ဒီကနေ့ (နိုဝင်ဘာ ၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ ၊ချမ်းအေးသာစံ မြို့နယ် မှာ ငလျင်ဒဏ်သင့် တိုက်ကို ဖြိုချရာမှာ ဒီနေ့ မနက် (အောက်တိုဘာလ ၃၀ရက် ) ၉ နာရီဝန်းကျင်မှာ ပြိုကျမှုဖြစ်ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လပြည့်ခဲ့ပါပြီ။ အချိန်ကာလအားဖြင့် နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ မန္တလေးမြို့မှာတော့ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ လုပ်ကိုင်နေရဆဲပါ။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေဆဲပါ။

သတင်း

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့တိုက်ဖြိုချရင်း ပြိုကျလို့ အမျိုးသားတဦး ပိမိပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။