Connect with us

Hi, what are you looking for?

News

က​လေးမြို့မှဆင်းလာ​သော စစ်​ကောင်စီတပ်အား သွားကြိုသည့် ပျူအဖွဲ့ပါစစ်အုပ်စု မင်းကင်းတွင် တိုက်ခိုက်ခံရပြီး ၁၃ဦး​ထက်မနည်းသေဟုဆို

အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်တိုက်ခိုက်နေသည့် မင်းကင်းမြို့နယ်တွင် ဧပြီလဆန်းပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စု၊ ပျူစောထီးများနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်အုပ်စုများဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ကလေးမြို့မှဆင်းလာသည့်စစ်​ကောင်စီတပ်အားလာကြိုသော ပျူစောထီးများပါ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၃ဦးထက်မနည်းသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၂၅ ရက်)နံနက် ၁၁ နာရီခွဲခန့်အချိန်က ကလေးမြို့ ဒကစမှဆင်းလာသော အကြမ်းဖက်စစ်ကား ၃ စီးအား မင်းကင်းမြို့မှ အကြမ်းဖက်စစ်တပ်နှင့်ပျူ အင်အား ၇၀ခန့်က သွားကြိုရာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) ၊ တပ်ခွဲ (၁)မှ ဗျူဟာအရကြိုတင်ပြင်ဆင်ထားသော တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက ထုတ်ပြန်သည်။

သင်္ဘော – ကမ်းပြည့် (ကဗျစ်) အရောက်တွင် တိုက်မိုင်း ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နေရာတွင်ပင် အကြမ်းဖက်စစ်တပ်နှင့်ပျူ ၁၃ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းများအား ကမ်းပြည့် (ကဗျစ်) ရွာဇရပ်ပေါ်တွင် တင်ထားခဲ့ကြောင်းသိရပြီး နောက်ထပ်ထိခိုက်ပြီး ခြေပြတ်၊လက်ပြတ်ဖြစ်သွားသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူအုပ်စုအား မင်းကင်းမြို့ အမှတ် (၁)ရပ်ကွက် ဘိုးဘွားရိပ်သာတောင်ပေါ်သို့ ခေါ်ဆောင်သွားကြကြောင်း အသိ​​ပေးထားသည်။

အဆိုပါထိတွေ့မှုတွင် မိမိတို့ပြည်သူ့တပ်သားများမှ ထိခိုက်မှုမရှိကြောင်း တပ်ရင်း (၂) တာ၀န်ရှိသူက ပြောကြားခဲ့သည်ဟု မင်းကင်းနွေဦးတော်လှန်ရေးက ဆိုသည်။

Public Service Announcement

Public Service Announcement

ထပ်မံသိရှိရသည့် သတင်းတစ်ခုမှာ မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ သံပေါက်ကျေးရွာကို မြစ်ရိုးအောက်အခြေစိုက်ထိုင်နေသည့် အကြမ်းဖက်အုပ်စုမှ တဲတစ်လုံးအား မီးရှို့ခဲ့ပြီး တစ်ဖက်ကမ်းသို့ ကူးသွားခဲ့ကြောင်း၊ တဲတစ်လုံးသာမီးလောင်နေသည်ကို မကျေနပ်သော ပျူများမှာ သံပေါက်ဘက်ကမ်းသို့ ပြန်လည် ကူးလာခဲ့ပြီး ရွာလုံးကျွတ်မီးရှို့နေကြောင်း၊ယခုထိသိရှိရသည်မှာ သံပေါက် ရွာတ၀က်ခန့်မီးလောင်ကျွမ်းသွားပြီဟု ‌ရှောင်တိမ်းနေသာ ဒေသခံတဦးက ပြောကြားသည်ဟု မင်းကင်းနွေဦးတော်လှန်ရေးက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်တိုက်ခိုက်နေသည့် မင်းကင်းမြို့နယ်တွင် ဧပြီလဆန်းပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စု၊ ပျူစောထီးများနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်အုပ်စုများဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook